အဲဗာရက်စ်ကို ကြားဖြတ် ခေါ်ယူဖို့ ကြိုးစားလာတဲ့ ဥရောပထိပ်သီးအသင်း

PSG အသင်းဟာ မန်စီးတီးတိုက်စစ်မှူး အယ်လ်ဗာရက်ဇ်ကို ကြားဖြတ်ခေါ်ယူနိုင်ဖို့ ကြိုးပမ်းလာပါတယ်။

အာဂျင်တီးနားတိုက်စစ်မှူးဟာ စပိန်ကလပ် အက်သလက်တီကိုမက်ဒရစ်ဆီ ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိထားတယ်လို့ သတင်းထွက်ပေါ်နေတာပါ။

ဒီလိုအခြေအနေမှာ PSF အသင်းဘက်က အယ်လ်ဗာရက်ဇ်အတွက် မန်စီးတီးအသင်းဆီ တရားဝင်ကမ်းလှမ်းခဲ့ပြီး အက်သလက်တီကိုထက် ပြောင်းရွှေ့ကြေးပိုပေးခဲ့တယ်လို့ သိရပါတယ်။

တီကို အသင်းဟာ အယ်လ်ဗာရက်ဇ်အတွက် ယူရိုသန်း ၆၀ နဲ့ခေါ်ယူဖို့ အသင့်ရှိနေပြီး ကစားသမားဖြစ်သူ ဟာလဲ မက်ဒရစ်အသင်းကိုပဲ ရွေးချယ်ဖွယ်ရှိပါတယ်။

အယ်လ်ဗာရက်ဇ်ကတော့ အိုလံပစ်ပြိုင်ပွဲအပြီးမှာ ခဏအနားယူရမှာဖြစ်ပြီး အနာဂတ်နဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက် ချသွားမယ်လို့ ပြောထားပါတယ်။