ချဲလ်ဆီး အသင်းဟာ အသင်းကွင်းလယ် ကစားသမား ဂါလယ်ဂါကို အသင်းမှ ထွက်ခွါခွင့် ပိတ်သိမ်းလိုက်ကြောင်း နောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းများအရ သိရပါတယ်။
ကော်နာ ဂါလယ်ဂါဟာ ချယ်ဆီးက ကမ်းလှမ်းတဲ့ ၃ နှစ်စာချုပ်ကို ငြင်းဆန်ထားပြီး အက်သလက်တီကို မက်ဒရစ်အသင်းထံ ပြောင်းဖို့ ကြိုးစားနေတာပါ။
ချဲလ်ဆီး ဂိုးသမားသစ် ဖီးလစ် ဂျော်ဂတ်ဆန်ကတော့ အသင်းသစ်မှာ နံပါတ် ၁ ဂိုးသမားနေရာရယူဖို့ ယုံကြည်ချက်အပြည့်ရှိကြောင်း ထုတ်ဖော်ပြောဆို သွားခဲ့ပါတယ်။
ဒါ့အပြင် ဂျော်ဂတ်ဆန် က သူဟာ ချဲလ်ဆီး ပရိသတ် တဦး ဖြစ်သလို ကလပ် ဂန္တဝင် ဂိုးသမား ပီတာချက်ဟာ သူ့ရဲ့ အိုင်ဒေါ ဖြစ်ကြောင်း ချဲလ်ဆီး ဂိုးသမား ဘဝ ပထမဆုံး အင်တာဗျူးမှာ ထုတ်ဖော်လာပါတယ်။
ချယ်ဆီး လူငယ်ကစားသမား ရိုင်ယန် မက်ခေဒူဟာ မန်စီးတီး အကယ်ဒမီကို ပြောင်းရွှေ့သွားပြီဖြစ်ပါတယ်။
ချဲလ်ဆီး အသင်း ကွင်းလယ် ကစားသမား အန်ဇို ဖာနန်ဒက်ဇ်ဟာ အသင်းထံ ပြန်လည် ရောက်ရှိလာခဲ့ပြီး အသင်းဖော်တွေကို လေးငါးကြိမ်ထက် မနည်း တောင်းပန်ခဲ့ကြောင်း သိရပါတယ်။
ချဲလ်ဆီးအသင်းနောက်ခံလူ ချီဝဲလ်ရဲ့ အနာဂတ်က မတည်မငြိမ် ဖြစ်နေပြီး ယခုနွေ အသင်းက ထွက်ခွါဖွယ် ရှိနေကြောင်း သတင်းရရှိပါတယ်။
နည်းပြ မာရက်စ်ကာ လက်ထက်မှာ ချဲလ်ဆီး အသင်းအတွက် ပင်နယ်တီ ကန်ဖို့ ပထမ တာဝန်ရှိသူ အဖြစ် အန်ကွန်ကူ ကို သတ်မှတ်ထားပြီ ဖြစ်ပါတယ်။