
ချဲလ်ဆီး အသင်း ကွင်းလယ် ကစားသမား ဂါလေဂါဟာ အသင်းရဲ့ သုံးနှစ်သက်တမ်းရှိ စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချလိုက်ကြောင်း သိရပါတယ်။
အက်သလက်တီကို မက်ဒရစ် အသင်းထံ ပြောင်းရွှေ့ဖို့ သတင်းထွက်နေတဲ့ ဂါလေဂါဟာ ပေါင် ၃၃.၇ သန်း ဝန်းကျင်နဲ့ အသင်းသစ် ထံ ပြောင်းရွှေ့ဖို့ နီးစပ်နေတာကြောင့် ချဲလ်ဆီးရဲ့ ကမ်းလှမ်းချက်ကို ငြင်းဆန်ပယ်ချထားတာ ဖြစ်ပါတယ်။
အသင်းခေါင်းဆောင် ရစ်ဆီဂျိမ်းစ် မပါဝင်နိုင်တဲ့ပွဲစဉ်တွေမှာ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူခွင့်ရရှိထားတဲ့ ဂါလေဂါဟာ ပြီးခဲ့တဲ့ရာသီတွေကတည်းက ပုံမှန်ပွဲထွက်ခွင့် အတွက် အသင်းနဲ့ အဆင်မပြေ ဖြစ်နေခဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ ဈေးကွက်တွေ ဆက်တိုက် ဂါလေဂါ ကို ရောင်းချဖို့ ကြိုးစားခဲ့ပြီး အသင်း ဂန္တဝင် ကစားသမားကြီးတွေကတောင် ကန့်ကွက် ဝေဖန်ခဲ့ကြပါသေးတယ်။
ယခုတစ်ခေါက်မှာတော့ ကစားသမားဘက်က အသင်းနဲ့ သက်တမ်းတိုးဖို့ ဆန္ဒမရှိတော့တာကြောင့် ချဲလ်ဆီးတို့ လက်လွှတ်ပေးသွားရဖို့ ရှိနေတာပါ။
အသင်းကွင်းလယ်ပိုင်းကလည်း အင်အားတောင့်တင်းနေဆဲ ဖြစ်တာကြောင့် နည်းပြသစ် မာရက်စ်ကာက ဂါလေဂါကို ဆက်ဆွဲထားဖို့ အတင်း စည်းရုံးတိုက်တွန်းဖွယ် မရှိပါဘူး။