
၂၀၂၄-၂၅ ရာသီသစ် စတင်ဖို့ အချိန်နီးကပ်လာချိန်မှာ မန်စီးတီး တိုက်စစ်မှူး ဟာလန်းရဲ့ ကြံ့ခိုင်မှုအနေအထားက စိုးရိမ်စရာဖြစ်လာပါပြီ။
မန်စီးတီးအသင်း နောက်ဆုံးခြေစမ်းပွဲတွေဖြစ်တဲ့ အေစီမီလန်၊ ဘာစီလိုနာတို့နဲ့ပွဲတွေမှာ ဟာလန်းဟာ နှစ်ပွဲစလုံး ပွဲချိန်ပြည့်မကစားနိုင်ဘဲ ပထမပိုင်းအပြီးမှာပဲ လူစားလဲခံခဲ့ရပါတယ်။ ဟာလန်းဟာ ကစားရတာ အဆင်မပြေဖြစ်ေနတယ်လို့ ဂွါဒီယိုလာက ဝန်ခံခဲ့ပါတယ်။
ဟာလန်းဟာ ဘောလုံးကစားရတာ အဆင်မပြေဖြစ်နေပြီး အသေးစားကြွက်သားဒဏ်ရာရှိနေတာကြောင့် ၃ ပတ် ဒါမှမဟုတ် ၁ လလောက် အနားယူရမဲ့ အခြေအနေ မဖြစ်အောင် ဖယ်ထုတ်နေရတာလို့ ဂွာဒီယိုလာက အသိပေးထားတယ်။
မန်စီးတီးအသင်းဟာ နောက်တစ်ပတ် စနေနေ့ကျရင် မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက်နဲ့ ကွန်မြူနတီဒိုင်းပွဲ ယှဉ်ပြိုင်ကစားရမှာဖြစ်ပတယ်။
မန်ယူအသင်းမှာလည်း ဒဏ်ရာပြဿနာတွေ ဆက်တိုက်ရှိနေပြီး အသစ်ခေါ်ထားတဲ့ ခံစစ်မှူး ယိုရို၊ တိုက်စစ်မှူး ဟွိုင်လန်းတို့ ဒဏ်ရာရနေကာ ဒီမနက်မှာပဲ ရက်ဖိုဒ့်နဲ့ အန်တိုနီတို့ပါ ဒဏ်ရာထပ်ရသွားတယ်လို့ သိရပါတယ်။