အရောင်းစာရင်း ဝင်သွားသူများ၊ အန်ဇို ပြေလည်မှုရ၊ လူကာကူနဲ့ အိုဆင်မန်၊ ဂျော်ဂျန်ဆန် ရောက်ရှိခြင်းနဲ့ ချယ်ဆီး သတင်းတိုများ

ချယ်ဆီးအသင်းဟာ အရောင်းစာရင်းထဲမှာ ကီပါ၊ လူကာကူ၊ ဘရိုဂျာ၊ ကာဆာဒီ၊ ဒေးဗစ် ဖိုဖာနာ၊ ပီထရိုဗစ်တို့ကို ထည့်သွင်း အရောင်းတင်ခဲ့ပြီ ဖြစ်ပါတယ်။

နာပိုလီအသင်းဟာ လူကာကူနဲ့ အိုဆင်မန် အပြောင်းအရွှေ့ကို ချိတ်ဆက်ကာ ချယ်ဆီးအသင်းနဲ့ ဆွေးနွေးစကားပြောလိုနေပါတယ်။

နာပိုလီ ဘက်ကတော့ အိုဆင်မန်ကို အငှားဖြင့် ခေါ်ယူခွင့်ပေးမှာ မဟုတ်ဘဲ လူကာကူအပြင် ပေါင် ၅၈ သန်း ဝန်းကျင်ဖြင့် ကမ်းလှမ်းခဲ့ရင် လက်ခံပေးဖွယ် ရှိပါတယ်။

ကော်နာ ဂါလယ်ဂါကို ခေါ်ယူရေး အက်သလက်တီကို အသင်းက စကားပြောမှု ပြုလုပ်နေကာ ယူရို ၃၅ သန်း ဝန်းကျင်ဖြင့် အပြောင်းအရွှေ့ ဖြစ်မြောက်နိုင်ပါတယ်။

အန်ဇိုက ချယ်ဆီးအသင်းဖော်တွေကို တောင်းပန်မှု ပြုလုပ်ခဲ့ကာ ရိစ်ဂျိမ်း၊ ဒီဆာစီတို့ ကြားဝင် ဖြန့်ဖြေပေးမှုကြောင့် အဆင်ပြေသွားခဲ့ပြီ လို့ သိရပါတယ်။ ဒီကိစ္စက ချယ်ဆီးအသင်းတွင်းမှာ အပြီးသတ်သွားပါပြီ။

ဗီလာရီးရဲလ် ဂိုးသမား ဂျော်ဂျန်ဆန်ဟာ ချယ်ဆီးအသင်းနဲ့ ဆေးစစ်မှု အဓိက အပိုင်း အပြီးသတ်ခဲ့ပြီဖြစ်ပါတယ်။

ချယ်ဆီး တိုက်စစ်မှူးဟောင်းဖြစ်သလို လက်ရှိ TalkSPORT မှာ အားကစားသုံးသပ်သူအဖြစ် အလုပ်လုပ်နေတဲ့ တိုနီ ကက်စကာရီနိုက နောက်ရာသီမှာ မန်စီးတီး ၅ ရာသီဆက် ချန်ပီယံ မဖြစ်ဘူးလို့ ခန့်မှန်းလိုက်ပါတယ်။