
မန်စီးတီး တိုက်စစ်မှုး အဲဗာရက်စ်ကို အာဆင်နယ်နဲ့ ချယ်ဆီးတို့က စိတ်ဝင်စားနေပေမယ့် ကစားသမားကတော့ စပိန်ဘက်သို့သာ ပြောင်းရွှေ့ချင်နေပါတယ်။
မန်စီးတီး အသင်းဟာ ဒီဘရိုင်းနေရာ အစားထိုးဖို့ ဘိုင်ယန်မြူးနစ်အသင်းမှ ဂျာမာန် ကြယ်ပွင့် မူဆီယာလာအား စိတ်ဝင်စားနေပါတယ်။
မန်စီးတီး နည်းပြ ပက် ဂွါဒီယိုလာဟာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ရှိတယ်လို့ အရိပ်အမြွက်ဆိုခဲ့တာကြောင့် မန်စီးတီး ပရိသတ်တွေအတွက် ဝမ်းသာစရာဖြစ်စေခဲ့ပါတယ်။
မန်စီးတီး အသင်းဂိုးသမား အီဒါဆန်ကတော့ လက်တလော ထွက်ပေါ်နေတဲ့ အသင်းပြောင်းရွှေ့မှု သတင်းတွေကို ငြင်းဆန်သွားခဲ့ပါတယ်။
မန်စီးတီး အသင်းဟာ စပိန်ကြယ်ပွင့် ကစားသမား အိုလ်မိုကို စတင် ကမ်းလှမ်းမှု ပြုလုပ်လိုက်ကြောင်း သတင်းရရှိပါတယ်။
ဘာစီလိုနာအသင်းဟာ အိုလ်မို ကို ကနဦး ပြောင်းရွှေ့ကြေး ယူရို ၃၄ သန်းနဲ့ အပိုဆုကြေး ၁၆ သန်း ထည့်သွင်း ကမ်းလှမ်းခဲ့ပေမယ့် ငြင်းဆန်ပယ်ချထားတာကြောင့် မန်စီးတီး အသင်းအနေနဲ့ ယခုတစ်ခေါက်မှာ အဆိုပါ ပမာဏထက် မြင့်မားတဲ့ ပမာဏတစ်ခုနဲ့ ကမ်းလှမ်းဖို့ လိုအပ်နေပါတယ်။
ရီးရဲလ်အသင်းဟာ မန်စီးတီး နောက်ခံလူဟောင်း လာပေါ်တာကို စိတ်ဝင်စားနေကြောင်း သတင်းများ ထွက်ပေါ်နေပါတယ်။