
ချယ်ဆီး ဟာ ဘိုကာဂျူနီယာအသင်း နောက်ခံလူ ကစားသမားလေး အန်ဆယ်မီနို ကို ပေါင် သန်း ၂၀ ဝန်းကျင်နဲ့ ခေါ်ယူဖို့ အတော် နီးစပ်နေပြီ ဖြစ်ပါတယ်။
ချယ်ဆီး အသင်းဟာ ဗီလာရီးရဲလ် အသင်းဂိုးသမား ဖိလစ် ဂျော်ဂန်ဆန်ကို ပေါင် ၂၀.၇ သန်းနဲ့ ခေါ်ယူဖို့သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း သိရပြီး ၇နှစ် စာချုပ် ချုပ်ဆိုဖို့ ပြင်ဆင်ာထးပါတယ်။
ချယ်ဆီး အသင်းရဲ့ ဒုတိယမြောက် ရာသီကြိုခြေစမ်းပွဲကို ဒီမနက်မှာ ယှဉ်ပြိုင်ခဲ့ရာ ဆဲလ်တစ်ကို ၄-၁ နဲ့ ဂိုးပြတ် ရှုံးပွဲ ရင်ဆိုင်ခဲ့ရပါတယ်။
ချယ်ဆီး နည်းပြ မာရက်စ်ကာကတော့ ရာသီကြို ခြေစမ်းပွဲ ရှုံးနိမ့်မှုမှား အသင်းသားတွေကြား နားမလည်ဘဲ ရှုပ်ထွေးနေတာ တချို့ ရှိနေသေးကြောင်း ပြောဆိုလိုက်ပြီး မန်စီးတီးနဲ့ ပရီးမီးယားလိဂ်ပွဲ ရင်ဆိုင်ချိန် မတိုင်မှီ အသင့် ဖြစ်အောင် ပြင်ဆင်မယ်လို့ ဆိုပါတယ်။
နာပိုလီ သို့ ပြောင်းရွှေ့တော့မယ့် ချဲလ်ဆီး တိုက်စစ်မှူး လူကာကူ ကိုတော့ နည်းပြ ကွန်တီ က ညွှန်ကြားမှုတွေ ပြုလုပ်ပေးနေပြီလို့ သိရပါတယ်။
ချယ်ဆီး ပစ်မှတ်ထားနေတဲ့ အက်စတန် ဗီလာတိုက်စစ်မှူး ဂျွန် ဒူရန်ဟာ ဒီနွေရာသီမှာ ဝက်စ်ဟမ်းကို ပြောင်းရွှေ့မှာဖြစ်တယ်လို့ သဲလွန်စ ပေးခဲ့ပါတယ်။