အမေရိကန် ရာသီကြိုမှာ ၃-၂ နဲ့ချည်း ရှုံးနေတဲ့ မန်စီးတီး အသင်း၊ ဒီမနက်မှာလည်း အေစီကို ထပ်မံ အရေးနိမ့်

ဒီမနက် မန်စီးတီးအသင်းရဲ့ အေစီမီလန်နဲ့ ရာသီကြို ခြေစမ်းပွဲစဉ် ကလည်း မျက်နှာပန်းမလှခဲ့ဘဲ ၃-၂ နဲ့ ထပ်မံ အရေးနိမ့်ခဲ့ပြန်ပါတယ်။

မန်စီးတီးက ရာသီကြိုခြေစမ်းပွဲ နှစ်ပွဲဆက်တိုက် ၂-၃ ဂိုးဆိုတဲ့ ရလဒ်တွေနဲ့ချည်း ရှုံးနိမ့်ခဲ့တာပါ။ ဒီမနက် ကစားခဲ့တဲ့ အေစီမီလန်နဲ့ပွဲမှာလည်း ဟာလန်း ဂိုးသွင်းခဲ့ပေမယ့် အနိုင်ရဖို့အထိတော့ မလုံလောက်ခဲ့ပါဘူး။ နောက်တစ်ဂိုးကတော့ မက် အတီးက သွင်းခဲ့တာပါ။

အေစီမီလန်ဘက်က ကိုလမ်ဘို ဂိုးသွင်းခြေစွမ်းပြပြီး နှစ်ဂိုး သွင်းယူကာ ပွဲအပြီးမှာ ၂-၃ ဂိုးနဲ့ အေစီမီလန်တို့ နိုင်သွားခဲ့ပါတယ်။

ဆဲလ်တစ်နဲ့ ပထမဆုံး ခြေစမ်းပွဲမှာလည်း မန်စီးတီးတို့ အခုလိုမျိုး အပြန်အလှန်သွင်းဂိုးတွေနဲ့ ၂-၃ ဂိုးနဲ့ပဲ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ဒီမနက်ပွဲမှာ ထူးခြားချက်ကတော့ နှစ်သင်းစလုံး ပထမပိုင်းအပြီးမှာ သူတို့ရဲ့ ဂျာစီတွေကို လဲလှယ်ကစားခဲ့ကြတာပါ။ မန်စီးတီးရော၊ အေစီမီလန်ရော ပထမပိုင်းမှာ ဂျာစီတစ်ရောင်၊ ဒုတိယပိုင်းမှာ ဂျာစီတစ်ရောင်နဲ့ လဲလှယ်ကစားခဲ့ပြီး ဒါက ပရဟိတအဖွဲ့အတွက် ဂျာစီတွေကို လေလံဆွဲပေးဖို့ဖြစ်ပါတယ်။

အဓိက ကစားသမားတွေ အစုံအလင် မပါဝင်နိုင်သေးပဲ လူငယ်လေးတွေကိုသာ ပိုမို အသုံးပြုနေရတဲ့ မန်စီးတီးတို့ အမေရိကန် ရာသီကြို ခရီးစဉ်မှာ (၂)ပွဲဆက်တိုက် ရှုံးပွဲကြုံတွေ့ရတာလည်း ဖြစ်ပါတယ်။