ညှိနှိုင်းနေဆဲ ဂိုးသမားသစ်၊ ဂါလယ်ဂါ ကို ချိန်နေတဲ့ တီကို၊ မာဒူကီ၊ ချာလိုဘတ်၊ ဆားတို့နဲ့ ချယ်ဆီး သတင်းတိုများ

ချယ်ဆီး အသင်းဟာ ဗီလာရီးရဲလ် ဂိုးသမား ဖိလစ် ဂျော်ဂျင်ဆန် ကို ခေါ်ယူဖို့ ညှိနှိုင်းဆွေးနွေးနေတာ နောက်ဆုံး အဆင့် ရောက်ရှိနေပြီလို့ သတင်းထောက် ရိုမန်နိုက ဆိုပါတယ်။

ချယ်ဆီးဟာ ၎င်းအတွက် ဟာ ကနဦး ယူရို သန်း ၂ဝ ကမ်းလှမ်းကာ ငြင်းဆန်ခံပြီး ထိုထက် ပိုကောင်းအောင် ညှိနေပါတယ်။

အက်သလက်တီကို မက်ဒရစ် အသင်းရဲ့ ဒီနွေကွင်းလယ်ပစ်မှတ်ဟာ ချယ်ဆီး ကွင်းလယ်လူ ဂါလယ်ဂါနဲ့ စပိန်ကွင်းလယ်လူ မိုရီနိုတို့ပဲ ဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ အမေရိက ရာသီကြို ခရီးစဉ်သို့ နောက်ခံလူ ချာလိုဘတ်ကို မခေါ်ဘဲ ချန်ထားခဲ့ပါတယ်။ ချာလိုဘတ်ကို ချယ်ဆီးက ဒီနွေမှာ အပြီး ရောင်းချလိုနေပြီး အသက် ၂၅ နှစ်သား အတွက် ပေါင် ၃၅ သန်း လို့ ဈေး သတ်မှတ်ထားပါတယ်။

ချယ်ဆီးတိုက်စစ် ကစားသမား မာဒူကီကတော့ ယခုရာသီ ပိုမို ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ ပြဖို့ အသင့်ဖြစ်နေပြီ ဆိုပြီး ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

မာလန်ဆား ဟာ ချယ်ဆီးအသင်းကနေ အလွတ်ဖြင့် ထွက်ခွာသွားပြီဖြစ်ကာ Lens အသင်းထံ ရောက်ရှိသွားပါပြီ။