
ချယ်ဆီးအသင်းဟာ ဗီလာရီးရဲလ်ဂိုးသမား ဂျော်ဂျင်ဆန်အတွက် စကားပြောမှု အခြေအနေကောင်းနေကာ ပေါင် ၂၁ သန်း ဝန်းကျင်ဖြင့် ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။
ပြင်သစ်ကလပ် Strasbourg အသင်းဟာ Rennes အသင်းကနေ Guela Doué ကို ယူရို ၈ သန်းဖြင့် တိုက်ရိုက်ခေါ်ယူခဲ့တာဖြစ်ပြီး ချယ်ဆီးနဲ့ ဆက်နွယ်ခြင်း မရှိပါဘူး။
ကိုင်ဆာဒီကို အငှားခေါ်ယူဖို့ ကလပ် ၄ သင်းလောက် ကြိုးစားနေကာ ဖီအိုရင်တီးနားကလည်း တစ်သင်း အပါအဝင်ဖြစ်ပါတယ်။
ငယ်စဉ်တုန်းက ကွင်းလယ်လူအဖြစ်လည်း ကစားခဲ့တာမို့ နည်းပြမာရက်စကာအတွက် နေရာစုံမှာ လိုက်ကစားပေးရေး ပြဿနာ မရှိကြောင်း ရိစ်ဂျိမ်းက ပြောပါတယ်။
ချယ်ဆီးလေ့ကျင့်ရေးတွေမှာ ချီဝဲလ်က တောင်ပံသမားတွေနဲ့ တွဲဘက် လေ့ကျင့်နေပြီး ရိစ်ဂျိမ်းက ကွင်းလယ်လူတွေနဲ့အတူ လေ့ကျင့်နေပါတယ်။
၂၀၂၄ နှစ်စကတည်းက ဥရောပ ထိပ်တန်းလိဂ်မှာ စွမ်းဆောင်ရည် အကောင်းဆုံး ကစားသမားဟာ ချယ်ဆီးမှ ကိုးပါလ်မာဖြစ်တယ်လို့ WhoScored က ဆိုပါတယ်။
အန်ဇို ချယ်ဆီးကို ပြန်ရောက်လာရင် အသင်းသားတွေနဲ့ စကားပြောပြီး ကိစ္စတွေ ပြေလည်သွားလိမ့်မယ်လို့ မာဒူခီက ဆိုပါတယ်။