
ကမ္ဘာ့ရွှေ ပြန်ကျဆင်းနေသလို ဒီကနေ့ ရွှေအသင်းရဲ့ ရည်ညွှန်းစျေးကလည်း ကျပ် ၁ သိန်းနီးပါး ထိုးကျသွားခဲ့ပါတယ်။
လက်ရှိမှာ အခေါက်ရွှေကို ရောင်းသူ ဝယ်သူ နှစ်ဘက် သဘောတူညီမှုဖြင့် ရောင်းချရာမှာ ၅၉ သိန်းလောက်မှာတင် အမြင့်ဆုံး အရောင်းအဝယ် ရှိကြတယ်လို့လည်း သိရပါတယ်။
ယနေ့ ပြည်တွင်းရွှေဈေး (ဇူလိုင်လ ၂၆ ရက်၊ သောကြာနေ့)
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၄၁၆ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း အဖွင့်ဈေးနှုန်း
– အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၄၅၉၂၂၆၃ ကျပ်
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
၅၉၆၀၀၀၀ ကျပ်
– ၁၅ပဲရည် (ပြင်ပစျေးကွက်)
၅၅၉၀၀၀၀ ကျပ်