ကမ္ဘာ့ရွှေကျနေပြီး ပြည်တွင်းရွှေ သိန်း ၆၀ ကပ်နေတဲ့ ဇူလိုင် ၂၅ ရက် ပြည်တွင်းရွှေစျေး

ဒီနေ့ ဇူလိုင် ၂၅ ရက်နေ့ ပြည်တွင်းရွှေ အဖွင့်စျေးကွက်ဟာ ကမ္ဘာ့ရွှေ ၂၄၀၀ ဝန်းကျင်ကို အခြေခံ တွက်ချက်ထားခဲ့တာဖြစ်ကာ စျေးအနည်းငယ်စီ တက်လာခဲ့ပါတယ်။

2396 ကနေ စဖွင့်ခဲ့တဲ့ ကမ္ဘာ့ရွှေစျေးဟာ ယခုမနက် မှာတင် 2375 အထိ ပြန်လည် ကျဆင်းနေတာကြောင့် နေ့ခင်းပိုင်းနဲ့ ညပိုင်းတွေမှာ ပြည်တွင်းရွှေစျေး အပြောင်းအလဲ ဖြစ်လာနိုင်ပါတယ်။

လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။

ယနေ့ ပြည်တွင်းရွှေဈေး (ဇူလိုင်လ ၂၅ ရက်၊ ကြာသပတေးနေ့)

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၄၁၆ ဒေါ်လာ (ရွှေအသင်း အခြေခံတွက်စျေး)

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း အဖွင့်ဈေးနှုန်း
– အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၄၆၈၁၃၉၆ ကျပ်

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
၅၉၅၀၀၀၀ ကျပ်

– ၁၅ပဲရည် (ပြင်ပစျေးကွက်)
၅၆၀၀၀၀၀ ကျပ်