မာရက်စကာ စိတ်ကြိုက် ကစားသမားကို ထပ်မံ ခေါ်ယူပေးဖွယ်ရှိနေတဲ့ ချယ်ဆီး

ချယ်ဆီး နည်းပြသစ် မာရက်စကာဟာ ဒီနွေအတွက် အကောင်းဆုံး ပြင်ဆင်မှုတွေ လုပ်နေရာမှာ သူ့ စိတ်ကြိုက် ကစားသမား သစ်တစ်ဦးကို ခေါ်လိုနေတယ် လို့ ဒေးလီးမေလ်းက ဖော်ပြလာပါတယ်။

ဒီနွေမှာလည်း ကစားသမား အများအပြား ခေါ်ယူထားတဲ့ ချယ်ဆီးအသင်းဟာ ဂိုးသမားနေရာမှာ တိုးတက်လာဖို့ လိုအပ်နေသေးတာပါ။ ကီပါရဲ့ အနာဂတ် ရှင်းလင်းခြင်း မရှိသေးချိန် မာရက်စကာက ဂိုးသမားသစ် တစ်ဦး ခေါ်ယူချင်နေပါတယ်။

ဒေးလီးမေလ်း သတင်းမှာတော့ ” ဟော အပြင် မာရက်စက ာက လက်စတာအသင်း ဂိုးသမား ဟာမန်ဆန်ကို အတော်လေး အထင်ကြီးပါတယ်။

ချယ်ဆီးရဲ့ စိတ်ဝင်စားမှု အားကောင်းတဲ့ အနေအထားကို တိုးတက်လာမလား မသိရသေးပေမယ့် ဒိန်းမတ် ဂိုးသမားအတွက် ပေါင် ၄၅ သန်း ဝန်းကျင် ပေးရဖွယ် ရှိပါတယ် ” လို့ ဖော်ပြလာခဲ့ပါတယ်။

အဓိက ဂိုးသမားအဖြစ် ဆန်းချက်စ်ရှိနေပေမယ့် နောက်ထပ် လူသစ်တစ်ဦး ခေါ်ယူဖို့ ချယ်ဆီးဘက်က စိတ်ဝင်စားနေကြောင်း သတင်းတွေ ထွက်ပေါ်ထားပါတယ်။

ဟာမန်ဆန်ဟာ မနှစ်က နွေကမှ လက်စတာအသင်းနဲ့ ပူးပေါင်းခဲ့သူဖြစ်ကာ ချန်ပီယံရှစ်မှာ clean sheet ပေါင်း ၁၃ ပွဲရခဲ့ပြီး ပေးဂိုး ၄၁ ဂိုးပဲ ပေးရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။