ပြည်တွင်းရွှေ သိန်း ၆၀ ဝန်းကျင် ရောက်လာပြီး ရွှေအသင်းစျေးလည်း တက်တဲ့ ဇူလိုင် ၂၄ ရက် ရွှေစျေး

ဒီကနေ့ ဇူလိုင်လ ၂၄ ရက်နေ့မှာ ကမ္ဘာ့ရွှေစျေးကော ပြည်တွင်းက ရွှေအသင်းစျေးနဲ့ ပြင်ပပေါက်စျေးပါ အနည်းငယ်စီ အတက်တွေရှိလာပါတယ်။

လက်တလောမှာ ပြည်တွင်းက အောင်သမာဓိ၊ ဝိန့်စိန်နဲ့ ဇွဲထက်တို့လို ရွှေဆိုင်ကြီးတွေဟာ ဆွဲကြိုး ၁ ကျပ်သားကို အလျော့တွက် ၅ ပဲကနေ ၇ပဲထိ ယူပြီး ပြင်ပစျေးနဲ့ ကိုက်ညီအောင် အပြောင်းအလဲ လုပ်လာကြပါတယ်။

ရွှေဆိုင်တွေရဲ့ အသာစီးယူ ရောင်းဝယ်မှုတွေကြောင့် ကျပ်ငွေကျဆင်းခြင်းကို ကုစားဖို့ ရွှေအပေါ် စိတ်ဝင်စားမှုဟာ ယခင်နှစ်တွေကလို မဟုတ်ဘဲ လျော့ကျလာနေပါတယ်။

ယနေ့ ပြည်တွင်းရွှေဈေး (ဇူလိုင်လ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့)

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၄၀၃ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း အဖွင့်ဈေးနှုန်း
– အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၄၆၅၃၄၃၈ ကျပ်

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
၅၉၄၀၀၀၀ ကျပ်

– ၁၅ပဲရည် (ပြင်ပစျေးကွက်)
၅၅၉၀၀၀၀ ကျပ်