အက်သလက်တီကို သွားချင်နေတဲ့ ဂါလယ်ဟာ၊ အန်ဒရီ ဆန်းတိုစ့်၊ လူနင်နဲ့ ကီပါ၊ ပိုချက်တီနိုနဲ့ ချယ်ဆီး ထူးခြားသတင်းများ

ချယ်ဆီး ကွင်းလယ် ကစားသမား ကော်နယ် ဂါလယ်ဟာ က အက်သလက်တီကို မက်ဒရစ်ထံ ပြောင်းရွှေ့ဖို့ အဖက်ဖက်က ကြိုးစား လုပ်ဆောင်သွားချင်နေပြီ ဖြစ်တယ်လို့ စပိန်သတင်းတွေက ဖော်ပြလာပါတယ်။ အင်္ဂလန် အသင်းဖော် ထရစ်ပီယာ တိုက်တွန်းမှုကြောင့် ဂါလယ်ဟာ ကလည်း တီကို သို့ ပြောင်းရွှေ့ချင်နေပါတယ်။

အက်သလက်တီကိုဟာ ဂါလယ်ဟာ အတွက် ကမ်းလှမ်းမှု တရားဝင် ပြုလုပ်ထားတဲ့ တစ်ခုတည်းသော ကလပ် ဖြစ်ပြီး ယူရို သန်း ၂ဝ နဲ့ ကမ်းလှမ်းခဲ့ကာ ချယ်ဆီးက ငြင်းဆန် ပယ်ချထားပါတယ်။

ချယ်ဆီးရဲ့ ဘရာဇီး ကစားသမားလေး အန်ဒရီ ဆန်းတိုစ့် ကတော့ ပြင်သစ်ကလပ် စထရာဘော့ အသင်းထံ အငှားနဲ့ ပြောင်းရွှေ့ ထွက်ခွာမယ်လို့ သိရပါတယ်။

တော့တင်ဟမ် ဟော့စပါးအသင်းဟာ ချယ်ဆီး ကွင်းလယ်ကစားသမား ကော်နာ ဂါလယ်ဟာ ါကို ခေါ်ယူဖို့ ခက်ခဲနေရတာကြောင့် မန်ချက်စတာ ယူနိုက်တက်က စကော့တလန် ကွင်းလယ်လူ စကော့ မက်တွမ်မီနေးကိုပဲ ပိုမို စိတ်ဝင်စားလာခဲ့တယ်လို့ သိရပါတယ်။

ရီးရဲလ်မက်ဒရစ် ဂိုးသမား လူနင်ဟာ ဒီနွေမှာ အသင်းပြောင်းလိုနေဆဲဖြစ်ကာ တဖက်မှာလည်း ဂိုးသမား ကီပါအတွက် ရီးရဲလ်ရဲ့ ကမ်းလှမ်းမှုရဖို့ကိုလည်း ချယ်ဆီး ဘက်က စောင့်ဆိုင်းနေပါတယ်။

ပီအက်စ်ဂျီ အသင်းဟာ ချယ်ဆီး ပစ်မှတ် အိုဆင်မန်နဲ့ လီဗာပူး ပစ်မှတ် ဂျာအို နီဗက်စ်တို့ နှစ်ဦးလုံးကို လာမယ့်အပတ်ထဲ ခေါ်ယူသွားနိုင်ဖွယ် ရှိနေပါတယ်။

နယူးကာဆယ်က အက်ဒီဟောင်းနဲ့ လမ်းခွဲမယ် ဆိုရင် ချယ်ဆီးနည်းပြဟောင်း ပိုချက်တီနို အား အစားထိုး ခန့်အပ်ဖို့ ရည်ရွယ်နေပါတယ်။