ရည်ညွှန်းစျေး သိန်းဂဏန်း ထိုးကျသွားတဲ့ ဇူလိုင်လ ၂၂ ရက်နေ့ ပြည်တွင်းရွှေစျေး

တနင်္လာနေ့ ကမ္ဘာ့ရွှေအဖွင့်စျေးဟာ ကြီးကြီးမားမား ပြောင်းလဲခြင်း မရှိပေမယ့် ရွှေအသင်းစျေးကတော့ သိသိသာသာ ကျဆင်းသွားတဲ့ စျေးတန်းဖြင့် ပြန်ဖွင့်လာပါတယ်။

ရွှေအသင်းစျေး ကျဆင်းသွားချိန် ပြင်ပရွှေစျေး ၅၉ သိန်းမှာ ရှိနေဆဲဖြစ်ပါတယ်။

ယနေ့ ပြည်တွင်းရွှေဈေး (ဇူလိုင်လ ၂၂ ရက်၊ တနင်္လာနေ့)

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၃၉၅ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း အဖွင့်ဈေးနှုန်း
– အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၄၆၃၃၈၀၇ ကျပ်

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
၅၉၀၀၀၀၀ ကျပ်

– ၁၅ပဲရည် (ပြင်ပစျေးကွက်)
၅၅၅၂၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။