မာရက်စ်ကာရဲ့ ချယ်ဆီးခေတ်သစ် ပွဲဦးထွက် စတင်ဖို့ ၄ ရက် အလို၊ ကော့ဘ်ဟမ်းက ဖိုင်နယ် ထရိန်နင်

ချယ်ဆီး အသင်းဟာ နည်းပြသစ် အန်ဇို မာရက်စ်ကာ လက်ထက် ပထမဆုံ ရာသီကြို ခြေစမ်းပွဲ ကစားဖို့ ၄ ရက် အလို ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။

ဒီပွဲ အတွက် အမေရိကန်သို့ ခရီးထွက်မသွားခင် ချယ်ဆီးအသင်းကတော့ စိန်ခေါ်မှု အသစ်တွေ အတွက် ကော့ဘ်ဟမ်း ထရိန်နင်ကွင်းမှာ အပြင်းအထန် လေ့ကျင့်နေကြပြီ ဖြစ်ပါတယ်။

ရာသီကြို ခရီးစဉ် ထွက်ခွာမသွားခင် ချယ်ဆီးအသင်းရဲ့ နောက်ဆုံး ထရိန်နင် အဖြစ် လေ့ကျင့်သွားတဲ့ ပုံရိပ်တွေကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

အဲဒီ ခြေစမ်းပွဲကတော့ အမေရိကန်မှာ ကစားမှာ ဖြစ်ပြီး လိဂ်ဝမ်းကလပ် Wrexham နဲ့ ယှဉ်ပြိုင် ကစားမှာပါ။

ပွဲကတော့ လာမယ့် ကြာသပတေးနေ့ နံနက်၊ မြန်မာစံတော်ချိန် ၉ နာရီ အချိန်မှာ ယှဉ်ပြိုင် ကြမှာပဲ ဖြစ်ပါတယ်။