ပြင်ပပေါက်စျေး ၅၉ သိန်း ဝန်းကျင်မှာ ရှိနေတဲ့ ယနေ့ ဇူလိုင်လ ၂၁ ရက် ပြည်တွင်းရွှေစျေး

ရွှေစျေးနှုန်းတွေကို ရွှေအသင်းစျေးဖြင့် ထိန်းချုပ်လိုက်သည့်နောက်ပိုင်း ရွှေဆိုင်တွေက အခေါက်ရွှေရောင်းချမှု ရပ်ဆိုင်းထားဆဲဖြစ်ပါတယ်။

ရိုးရိုးရွှေထည်ရောင်းချမှုမှာလည်း ပြင်ပ ပေါက်စျေးအတိုင်းဖြစ်အောင် သတ်မှတ်စျေးပေါ်မှာ အလျော့တွက် လက်ခ ပိုတင်ပြီး ရောင်းဝယ်နေကြတယ်လို့သိရပါတယ်။

ရွှေစျေးမှာဆိုရင် ရွှေအသင်းစျေးနဲ့ ပြင်ပစျေးကွက်ပေါက်စျေးကြား ၁၁ သိန်းကျော် ကွာဟနေပါတယ်။

ယနေ့ ပြည်တွင်းရွှေဈေး (ဇူလိုင်လ ၂၁ ရက်၊ တနင်္ဂနွေနေ့)

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၄၀၀ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း အဖွင့်ဈေးနှုန်း
– အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၄၇၆၃၄၃၈ ကျပ်

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
၅၉၀၀၀၀၀ ကျပ်

– ၁၅ပဲရည် (ပြင်ပစျေးကွက်)
၅၅၅၂၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။