
နာမည်ကြီး ဘောလုံးသုံးသပ်သူ တစ်ဦးဖြစ်တဲ့ မိုက်ကယ်အိုဝင်က လာမယ့်ရာသီမှာ ချယ်ဆီးအသင်းက ပရီးမီးယားလိဂ် ထိပ်ဆုံး ၄ သင်းထဲ ဝင်မှာ မဟုတ်ကြောင်း ခန့်မှန်းလိုက်ပါတယ်။
ချယ်ဆီးအသင်းဟာ ကီပါကို ဆော်ဒီလိဂ်ထံ ရောင်းထုတ်ပြီး လူနင်ကို ခေါ်ယူလိုပေမယ့် စပိန်သားက ရီးရဲလ်မက်ဒရစ်ဘက်က ကမ်းလှမ်းလာမှာကို စောင့်ဆိုင်းလိုနေပါတယ်။
စပိန်အသင်း ယူရိုဖလားရရင် ဆံပင် အနီဆိုးမယ်လို့ ကတိပေထားတဲ့ ကူကူရယ်လာဟာ သူ့ရဲ့ ကတိကို တည်ခဲ့ပြီ ဖြစ်ပါတယ်။
ချယ်ဆီးဟာ နာပိုလီတိုက်စစ်မှူး အိုဆီမန်ကို ခေါ်ယူဖို့အတွက် အားနည်းနေပြီလို့ သိရပါတယ်။ နိုင်ဂျီးရီးယားတိုက်စစ်မှူး အိုဆီမန်ဟာ ပီအက်စ်ဂျီအသင်းကို ရောက်ရှိမယ်လို့ သတင်း ကြီးနေပါတယ်။
ချယ်ဆီး ကွင်းလယ်ကစားသမားဟောင်း ဖာဘရီဂတ်စ်ဟာ ကိုမိုအသင်းနည်းပြချုပ် ဖြစ်လာခဲ့ပြီး လေးနှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ကိုမိုဟာ စီးရီးအေကို ၂၁ နှစ်အတွင်း ပထမဆုံးအကြိမ် တန်းတက်ခွင့်ရထားပါတယ်။
ဝက်စ်ဟမ်းဟာ ချယ်ဆီးကွင်းလယ်လူဟောင်း ကန်တီကို ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း ဗြိတိန်မီဒီယာတွေက ရေးသားခဲ့ပါတယ်။ ၃၃ နှစ်အရွယ် ချယ်ဆီးကစားသမားဟောင်းကန်တီဟာ ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်မှာ ကစားနေပါတယ်။