ယနေ့ ဇူလိုင် ၂၀ ရက်မှာ ကမ္ဘာ့ရွှေစျေးနဲ့ ပြည်တွင်းရွှေစျေးနှုန်းတွေ ကျဆင်း

ကမ္ဘာ့ရွှေစျေး ၁အောင်စ ၂၄၀၀ ဝန်းကျင်ထိ တောက်လျှောက် ပြန်ကျလာခဲ့တာကြောင့် ဒီကနေ့မှာ ပြင်ပပေါက်စျေး ကျဆင်းလာပါတယ်။ ရွှေအသင်းစျေးကတော့ ယမန်နေ့ကနေ အတူတူပဲဖြစ်ပါတယ်။

လာမယ့်အပတ် ကမ္ဘာ့ရွှေ ၂၄၀၀ အောက်ပြန်ဆင်းရင် ပြည်တွင်းရွှေစျေးတွေလည်း ထပ်ဆင်းနိုင်ပြီး ဒီလတွေအတွင်း ကမ္ဘာ့ရွှေစျေးဟာ အတက်အကျ ခပ်ကြမ်းကြမ်း သွားလေ့ရှိပါတယ်။

ယနေ့ ပြည်တွင်းရွှေဈေး (ဇူလိုင်လ ၂၀ ရက်၊ စနေနေ့)

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၄၀၀ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း အဖွင့်ဈေးနှုန်း
– အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၄၇၆၃၄၃၈ ကျပ်

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
၅၇၉၈၀၀၀ ကျပ်

– ၁၅ပဲရည် (ပြင်ပစျေးကွက်)
၅၄၅၇၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။