
ပြီးခဲ့တဲ့ ဘောလုံးရာသီ လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်အသင်းထံ တစ်ရာသီ အငှားချထားတဲ့ ဂိုးသမားကီပါကို ဒီနွေမှာ အပြီးသတ် ရောင်းချဖို့ ချယ်ဆီးအသင်းဘက်က စီစဉ်နေကြောင်း သိရသည်။
မနှစ်ကရာသီ ချန်ပီယံလိဂ်နဲ့ လာလီဂါဖလားတွေ အောင်မြင်ခဲ့တဲ့ ကီပါကို ခေါ်ယူရန် လက်ရှိအချိန်၌ ဆော်ဒီကလပ် အယ်လ်အစ်တီဟတ်အသင်းက စိတ်ဝင်စားနေပြီး ၎င်းတို့၏ ကမ်းလှမ်းမှုတစ်ကြိမ်ကို ချယ်လ်ဆီးအသင်းက ငြင်းပယ်ခဲ့ကြောင်း သိရသည်။
ချယ်ဆီးအသင်းသည် ရီးယဲလ်အသင်းမှ ထွက်ခွာရန် စီစဉ်နေသည့် ဂိုးသမား လူနင်ကို ခေါ်ယူရန် ဆန္ဒရှိနေသည့်အတွက် ကယ်ပါနှင့် အလဲအထပ်လုပ် ရောင်းချရန် စီစဉ်နေခြင်းဖြစ်ကြောင်းလည်း သိရသည်။
ကယ်ပါသည် ၂၀၁၈ ခုနှစ်တွင် ဘီလ်ဘာအိုအသင်းမှ ချယ်ဆီးအသင်းထံသို့ ပေါင် (၇၁.၆) သန်းဖြင့် ပြောင်းရွှေ့ခဲ့ပြီး လက်ရှိဘောလုံးလောကတွင် ပြောင်းရွှေ့ကြေးအမြင့်ဆုံး ဂိုးသမားအဖြစ် စံချိန်တင်ထားသူဖြစ်သည်။