
အင်္ဂလန်နည်းပြရာထူးအတွက် ရေပန်းအစားဆုံး ပုဂ္ဂိုလ်များစာရင်းမှာ ချဲလ်ဆီးနည်းပြဟောင်းနှစ်ဦးပါဝင်လာနေတယ်လို့ လန်ဒန်သတင်းထောက်တွေက ဆိုပါတယ်။
အင်္ဂလန်အသင်းဟာ ယူရိုဗိုလ်လုပွဲမှာ စပိန်ကို ရှုံးနိမ့်ခဲ့ပြီးနောက် နည်းပြဆောက်ဂိတ်က လက်ရွေးစင်အသင်းနဲ့ လမ်းခွဲလိုက်ပြီဖြစ်ပါတယ်။
နည်းပြဆောက်ဂိတ်နေရာမှာ အင်္ဂလန်ဘောလုံးလောကအကြောင်း သိရှိထားသူ တစ်ဦးကို ခန့်အပ်ဖို့ အင်္ဂလန်အက်ဖ်အေဘက်က ရည်ရွယ်လာတာပါ။ ဆောက်ဂိတ်နေရာ အစားထိုးဖို့ ရေပန်းအစားဆုံးထဲမှာ ဂရေဟမ်ပေါ်တာနဲ့ ပိုချက်တီနိုတို့ ပါဝင်လာခဲ့ပါတယ်။
အင်္ဂလန်အက်ဖ်အေက ကလော့ပ်၊ ဂွာဒီယိုလာတို့ကိုလည်း ချိတ်ဆက်လိုပေမယ့် အောင်မြင်ဖွယ် မရှိဘူးလို့ သိရတယ်။ ချယ်ဆီးနည်းပြဟောင်းတွေဖြစ်တဲ့ လမ်းပတ်၊ သောမက်စ်တူဟယ် တို့အပြင် အင်္ဂလန်ယူ-၂၁ နည်းပြ ကာစ်လေ၊ အက်ဒီဟောတို့လည်း အင်္ဂလန်နည်းပြရာထူးအတွက် သတင်းထွက်လာပါတယ်။
စပါး၊ PSG နှင့် ချယ်ဆီးအသင်းနည်းပြဟောင်းဖြစ်သူ ပိုချက်တီနိုကို နည်းပြအဖြစ် ခေါ်ယူဖို့ အမေရိကန်လက်ရွေးစင်အသင်းကလည်း စိတ်ဝင်စားလျက်ရှိနေပါတယ်။