
ချယ်ဆီး၊ အာဆင်နယ် တို့နဲ့ ရေပန်းစားခဲ့တဲ့ တိုက်စစ်မှုး အိုဆင်မန်ဟာ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းထံ ပြောင်းဖို့ များနေပြီ ဖြစ်ပါတယ်။
ပြင်သစ်သား ကစားသမားတွေကို ထိခိုက်စေတဲ့ chants ကြွေးကြော်မိခဲ့တာ အတွက် အာဂျင်တီးနားနဲ့ ချယ်ဆီး ကွင်းလယ်လူ အန်ဇို ဖာနန်ဒက်စ်က တရားဝင် တောင်းပန်လာပါတယ်။
ချယ်ဆီးအသင်းကလည်း အန်ဇိုရဲ့ တောင်းပန်စာ အတွက် အားပေးထောက်ခံလိုက်ပြီး ကစားသမားကို ပညာပေး သင်တန်း တက်စေမယ်လို့ တရားဝင် ကြေညာချက် ထပ်ဆင့် ထုတ်ခဲ့ပါတယ်။
စပိန်ကြယ်ပွင့် နီကိုး ဝီလီယံကို ခေါ်ယူရေးမှာ အာဆင်နယ်နဲ့ ချယ်ဆီးအသင်းသာ အဓိက ပြိုင်ဆိုင်ရဖွယ် ရှိပြီး ဘာစီလိုနာကတော့ ဝင်ရောက် လှုပ်ရှားဖွယ် မရှိတော့ပါဘူး။ ယူရို ၅၈ သန်းတန် ကစားသမားကို ခေါ်ယူဖို့ ဘာစီလိုနာက မပြိုင်ဆိုင်နိုင်တော့တာပါ။
စပိန် ကစားသမား ကူကူရယ်လာ က ချယ်ဆီး နည်းပြသစ်နဲ့ အဆင်ပြေနေပုံ ရပြီး အခုလို ဖွင့်ဟခဲ့ပါတယ်။
” အန်ဇို မာရက်စ်ကာ ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ကျွန်တော့်ဆီ စာတွေပို့ခဲ့ပါသေးတယ်။ ကျွန်တော့်တို့ရဲ့ ခံစားချက်တွေ ကောင်းမွန်နေခဲ့ပါတယ် ”
” စိတ်လှုပ်ရှားစရာပါပဲ ။ သူနဲ့ လက်တွဲ အလုပ်လုပ်ရဖို့ ကျွန်တော် ရှေးရှုနေပါတယ်။ အခြားသော ချဲလ်ဆီး အသင်းမှ လူအချို့လဲ ယူရို ကာလအတွင်း ကျွန်တော့်ကို ဆက်သွယ်ခဲ့ကြပါသေးတယ် ” လို့ ကူကူရယ်လာက ပြောဆိုခဲ့ပါတယ်။
ချယ်ဆီး နဲ့ ဘိုင်ယန်မြူးနစ်နည်းပြဟောင်း တူချယ်လ်ဟာ ဆောက်ဂိတ် ထွက်သွားပြီးနောက် လစ်လပ်နေတဲ့ အင်္ဂလန် အသင်းနည်းပြ ရာထူးကို တာဝန်ယူ ဆောင်ရွက်ဖို့ ဆန္ဒရှိနေပါတယ်။