ချဲလ်ဆီး ကြယ်ပွင့် ကိုး ပါလ်မာဟာ ယူရို ၂၀၂၄ ဗိုလ်လုပွဲအပြီး ၃ ရက်အကြာမှာပဲ ပရိသတ်တွေကို အထင်ကြီးအောင် ထပ်လုပ်နိုင်ခဲ့ပြန်ပါတယ်။
ပါလ်မာ ဟာ စပိန်ကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာလည်း အရန်ခုံကနေ လူစားဝင်ကစားပေးခဲ့ပြီးနောက် ချေပဂိုးကို သွင်းယူ ပေးခဲ့တာ ဖြစ်ပါတယ်။
ဂျာမနီမှာ ကစားခဲ့တဲ့ ယူရိုပြိုင်ပွဲမှာ ပါလ်မာက အင်္ဂလန်အတွက် တစ်ပွဲမှ ပွဲထွက်ကနေ ပါဝင်ကစားခွင့်မရခဲ့ပေမယ့်လည်း ပါလ်မာဟာ အထင်ကြီးဖွယ် စွမ်းဆောင်ရည်ပြသခဲ့ပါတယ်။
နယ်သာလန်နဲ့ ကစားခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲမှာလည်း ဝပ်ကင်စ်ရဲ့ အနိုင်ဂိုးကို ဖန်တီးပေးခဲ့သလို ကွာတားအဆင့်တုန်းက ဆွစ်ဇာလန်နဲ့ပွဲမှာ ပင်နယ်တီကနေ ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ကိုး ပါလ်မာဟာ ချဲလ်ဆီးအတွက် ပြသခဲ့တဲ့ အလွန်ကောင်းမွန်တဲ့ ခြေစွမ်းကို ဆက်လက် ပြသခဲ့တာဖြစ်ပြီး ဘာလင်မှာ ကစားခဲ့တဲ့ ယူရိုဗိုလ်လုပွဲမှာ အသည်းကွဲခဲ့ရပြီးနောက်မှာတောင်မှ ချဲလ်ဆီးကြယ်ပွင့်က စိတ်ပျက်မနေဘဲ လုပ်စရာရှိတာတွေ ဆက်လုပ်နေခဲ့တာဖြစ်ပါတယ်။
အသက် ၂၂ နှစ်အရွယ်ကစားသမားဟာ ယူရို ရှုံးပွဲအပြီး ရက်ပိုင်းအကြာမှာပဲ အလေးမရုံထဲမှာ လေ့ကျင့်ခန်းပြုလုပ်နေခဲ့တာကို ဗီဒီယိုထဲမှာ မြင်တွေ့ခဲ့ရပြီး ချဲလ်ဆီး တောင်ပံကစားသမားက ကြံ့ခိုင်မှုအတွက် အလေးမနေခဲ့တာဖြစ်ပါတယ်။
ပါလ်ဟာ ချဲလ်ဆီးအသင်းနဲ့အတူ ရာသီကြိုအတွက် ပြန်လည်မပူးပေါင်းခင် ကြံ့ခိုင်မှုရအောင် လုပ်ဆောင်နေတာဖြစ်ပြီး စတမ်းဖို့ဒ် ဘရစ်ချ်ကို ဒီတစ်ကြိမ်ပြန်ရင် မန်စီးတီး ယူ-၂၁ အသင်းတုန်းက အတူတူ အလုပ်တွဲလုပ်ဖူးတဲ့ နည်းပြသစ် အန်ဇို မာရက်စ်ကာနဲ့ အလုပ်အတူတူ တွဲလုပ်သွားရတော့မှာ ဖြစ်ပါတယ်။