
ချယ်ဆီး အသင်း ရဲ့ ဂိုးသမား ကီပါ ကတော့ အသင်းဖော်တွေနဲ့ အတူ လေ့ကျင့်ခွင့်မရပဲ တစ်ဦးတည်း သီးသန့် လေ့ကျင့်နေရကြောင်း သိရပါတယ်။
ချယ်ဆီးအသင်းက အလိုရှိနေတဲ့ တိုက်စစ်မှူး အာဒီယာမီကို ဒေါ့မွန်ဘက်က ပေါင် ၃၅ သန်းနဲ့ ရောင်းထုတ်သွားမှာပါ။ တိုက်စစ်သမားကတော့ ချန်ပီယံလိဂ် ဝင်ခွင့်ရ အသင်းထံ ပြောင်းလိုနေပါတယ်။
ချယ်ဆီးအသင်းဟာ လိုက်ဇစ် ကွင်းလယ်လူ အော်မိုကို ပေါင် ၅၁ သန်းဖြင့် ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ လီဗာပူးအသင်းကတော့ အော်မိုအတွက် ဝင်ကမ်းလှမ်းဖွယ် မရှိပါဘူး။
ချယ်ဆီးအသင်းဟာ ဘာစီလိုနာကနေ ခေါ်ယူခဲ့တဲ့ တိုက်စစ်သမား မာ့ ဂူရီ ကို လာလီဂါကလပ် ဆီးဗီးလာအသင်းထံ အငှားချဖို့ စီစဉ်နေပါပြီ။
ဘယ်အစွန်လူ ကူကူရယ်လာဟာ ချယ်ဆီးမှာပဲ ပျော်ရွှင်နေပြီး ဒီနွေမှာ အသင်းပြောင်းဖို့ ရည်ရွယ်နေခြင်း မရှိဘူးလို့ သိရပါတယ်။
ချယ်ဆီးနဲ့ စပိန်နောက်ခံလူ ကာကူရယ်လာကတော့ ဒီည ယူရိုဖိုင်နယ်ပွဲမှာ အင်္ဂလန် တောင်ပံ ကစားသမား ဆာကာကို ထိမ်းချုပ်ဖို့ အစီအစဉ်ရှိကြောင်း ထုတ်ဖော်ပြောဆို သွားခဲ့ပါတယ်။
ချယ်ဆီး နောက်ခံလူဟောင်း ဖရန့် လီဘိုး ကတော့ သူ့အမြင်မှာ မူဒရစ်ဟာ ပေါင်တသန်းနဲ့ပင် ခေါ်ယူဖို့ မထိုက်တန်တော့တဲ့ အနေအထား အထိ ရောက်ရှိနေကြောင်း ဝေဖန်သုံးသပ်ရင်း ၎င်းနေရာ အတွက် မဖြစ်မနေ အစားထိုး လူသစ် ခေါ်ဖို့ ချယ်ဆီးအသင်းအား တိုက်တွန်းသွားပါတယ်။