
ဒီရက်ပိုင်းတွေအတွင်း လန်ဒန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြနေတဲ့ ချယ်ဆီးအသင်းကို နည်းပြအဖွဲ့ဝင် တစ်ဦးအဖြစ် မီခေလ်း ပြန်လာမယ်ဆိုတဲ့ သတင်းတွေကို ကစားသမားက ငြင်းဆန်လိုက်ပါတယ်။
နိုင်ဂျီးရီးယား သတင်းဌာနတွေကနေ စတင်ဖော်ပြလာခဲ့တာဖြစ်ပြီး ရိုမန်အေဘရာမိုဗစ်က ကလပ်အသင်းထံ မီခေလ်းကို ခေါ်ယူကာ မန်နေဂျာလမ်းပတ်ရဲ့ နည်းပြအဖွဲ့ထဲ ထည့်သွားဖို့ ဆန္ဒရှိခဲ့တယ်လို့ ပါရှိခဲ့တာပါ။ တူရကီမှာ ဘောလုံးကစားနေသေးတဲ့ မီခေလ်းကတော့ အဆိုပါ သတင်းတွေက မမှန်ပါဘူးလို့ ငြင်းဆန်လိုက်ပါတယ်။
မီခေလ်းက ပြောရာမှာ “ ရိုးရိုးသားသား ပြောရရင် ဒီဇာတ်လမ်းတွေ ဘယ်ကနေ ထွက်လာတယ် မသိပါဘူး။ သတင်းအတွက် အံ့အားသင့်ရပါတယ်။ ကျနေ်ာနဲ့ ကလပ်အသင်း တာဝန်ရှိသူတွေကြားမှာ နည်းပြရာထူးအတွက် ဘယ်လို ဆွေးနွေးမှုမှ မရှိထားပါဘူး။
ကျနော်အတွက်တော့ ချယ်ဆီးက အမြဲတမ်း အိမ်လိုနေရာ ဖြစ်နေမှာပါ။ ချယ်ဆီးအသင်းကို နည်းပြအဖြစ် စာချုပ်ချုပ်ဆိုမှု ရှိခဲ့မယ်ဆိုရင် ကျနော်လည်း ကျေနပ် ဝမ်းသာမှု ရှိမိမှာပါ။ ဒါပေမယ့် အခုချိန်မှာတော့ အဲ့သည် သတင်းတွေ အားလုံးက ကောလဟာလနဲ့ အလိမ်အညာတွေပါပဲ ” လို့ တုန့်ပြန်ခဲ့တာဖြစ်ပါတယ်။
မီခေလ်းဟာ လက်ရှိမှာ တူရကီကလပ် ထရပ်ဇွန်စပေါအသင်းအတွက် ကစားပေးနေပြီး နွေမှတော့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ရရှိမှာ ဖြစ်ပါတယ်။ မီခေလ်းဟာ ချယ်ဆီးကစားသမားဘဝ ၁၁ နှစ်နီးပါး ကစားခဲ့သူဖြစ်ပြီး ပွဲပေါင်း ၃၇၂ ပွဲထိ ကစားခဲ့သူဖြစ်ပါတယ်။ သူဟာ ချယ်ဆီးအတွက် ကိုယ်တိုင် ၆ ဂိုး သွင်းယူပြီး ဂိုးထောက်ပံ့မှု ၁၃ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့သေးတာ ဖြစ်ပါတယ်။
ZAWGYI
ဒီရက္ပိုင္းေတြအတြင္း လန္ဒန္အေျခစိုက္ သတင္းဌာနေတြက ေဖာ္ျပေနတဲ့ ခ်ယ္ဆီးအသင္းကို နည္းျပအဖြဲ႔ဝင္ တစ္ဦးအျဖစ္ မီေခလ္း ျပန္လာမယ္ဆိုတဲ့ သတင္းေတြကို ကစားသမားက ျငင္းဆန္လိုက္ပါတယ္။
ႏုိင္ဂ်ီးရီးယား သတင္းဌာနေတြကေန စတင္ေဖာ္ျပလာခ့ဲတာျဖစ္ျပီး ရိုမန္ေအဘရာမိုဗစ္က ကလပ္အသင္းထံ မီေခလ္းကို ေခၚယူကာ မန္ေနဂ်ာလမ္းပတ္ရဲ႕ နည္းျပအဖြဲ႔ထဲ ထည့္သြားဖို႔ ဆႏၵရွိခဲ့တယ္လို႔ ပါရွိခဲ့တာပါ။ တူရကီမွာ ေဘာလံုးကစားေနေသးတဲ့ မီေခလ္းကေတာ့ အဆုိပါ သတင္းေတြက မမွန္ပါဘူးလို႔ ျငင္းဆန္လိုက္ပါတယ္။
မီေခလ္းက ေျပာရာမွာ “ ရိုးရိုးသားသား ေျပာရရင္ ဒီဇာတ္လမ္းေတြ ဘယ္ကေန ထြက္လာတယ္ မသိပါဘူး။ သတင္းအတြက္ အံ့အားသင့္ရပါတယ္။ က်ေန္ာနဲ႔ ကလပ္အသင္း တာဝန္ရွိသူေတြၾကားမွာ နည္းျပရာထူးအတြက္ ဘယ္လို ေဆြးေႏြးမႈမွ မရွိထားပါဘူး။
က်ေနာ္အတြက္ေတာ့ ခ်ယ္ဆီးက အျမဲတမ္း အိမ္လိုေနရာ ျဖစ္ေနမွာပါ။ ခ်ယ္ဆီးအသင္းကို နည္းျပအျဖစ္ စာခ်ဳပ္ခ်ဳပ္ဆိုမႈ ရွိခဲ့မယ္ဆိုရင္ က်ေနာ္လည္း ေက်နပ္ ဝမ္းသာမႈ ရွိမိမွာပါ။ ဒါေပမယ့္ အခုခ်ိန္မွာေတာ့ အဲ့သည္ သတင္းေတြ အားလံုးက ေကာလဟာလနဲ႔ အလိမ္အညာေတြပါပဲ ” လို႔ တုန္႔ျပန္ခဲ့တာျဖစ္ပါတယ္။
မီေခလ္းဟာ လက္ရွိမွာ တူရကီကလပ္ ထရပ္ဇြန္စေပါအသင္းအတြက္ ကစားေပးေနျပီး ေႏြမွေတာ့ အလြတ္ေျပာင္းေရႊ႔ေၾကးနဲ႔ ထြက္ခြာခြင့္ ရရွိမွာ ျဖစ္ပါတယ္။ မီေခလ္းဟာ ခ်ယ္ဆီးကစားသမားဘဝ ၁၁ ႏွစ္နီးပါး ကစားခ့ဲသူျဖစ္ျပီး ပြဲေပါင္း ၃၇၂ ပြဲထိ ကစားခဲ့သူျဖစ္ပါတယ္။ သူဟာ ခ်ယ္ဆီးအတြက္ ကိုယ္တိုင္ ၆ ဂိုး သြင္းယူျပီး ဂိုးေထာက္ပံ့မႈ ၁၃ ၾကိမ္ ျပဳလုပ္ေပးႏုိင္ခဲ့ေသးတာ ျဖစ္ပါတယ္။