
နည်းပြသစ်တွေ ကိုယ်စီ ခေါ်ယူထားတဲ့ ချယ်ဆီးနဲ့ လီဗာပူးတို့ရဲ့ လာမယ့်ရာသီ အမှတ်ပေးဖလား စိန်ခေါ်နိုင်စွမ်းနဲ့ ပတ်သက်လို့ ရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်က သုံးသပ်မှု လုပ်လာပါတယ်။
ချယ်ဆီးရဲ့ လူသစ် ခေါ်ယူမှု ပလန်တွေဟာ ခပ်ကြမ်းကြမ်း သွားနေဆဲဖြစ်သလို နည်းပြသစ် လက်အောက်မှာ အထိုင်ကျမြန်မလား စောင့်ကြည့်ရမှာပါ။ လီဗာပူးကလည်း သူတို့ရဲ့ နည်းပြကလော့ပ် နေရာ အစားထိုးမှု လုပ်ထားတာကြောင့် ဆုဖလား စိန်ခေါ်နိုင်မှု ပြန်လုပ်မလား စောင့်ကြည့်ခံရပါလိမ့်မယ်။
ဘယ်အသင်းက ဆုဖလား စိန်ခေါ်နိုင်စွမ်း ပိုအားသာမလဲ မေးခွန်းအတွက်
အိုဝင် က ” ကျွန်တော့ အတွက်တော့ ကစားသမား တယောက်ရဲ့ အပြောင်းအရွှေ့ဟာ ဘယ်အသင်းက ပြည်တွင်းလိဂ် သို့မဟုတ် ချန်ပီယံလိဂ် ဆွတ်ခူးဖို့ အခွင့်အလမ်း ပိုများလဲ ဆိုတဲ့ အပေါ်ပဲ မူတည်ပါတယ် ။ ”
” လက်ရှိ အနေအထားတွေ အရတော့ လီဗာပူးဟာ ချယ်ဆီးထက် ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ အခွင့်အလမ်း ပိုများနေလား ? ကျွန်တော်ကတော့ ပိုများတယ်လို့ပဲ ပြောရပါမယ် ။ ”
” ဒါပေမယ့် လီဗာပူး ကစားသမားတွေဟာ ချန်ပီယံဆုကို စွမ်းဆောင်ပေးနိုင်မယ်လို့ တထစ်ချ ပြောလို့ ရတဲ့ အနေအထားလည်း မဟုတ်ပြန်ပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။