ကွင်းလယ် ထပ်ခေါ်ခြင်း၊ နီကိုး ဝီလီယံ ကို စည်းရုံးနေသူ၊ ထွက်ချင်တယ် အသိပေးထားသူ၊ ပြင်ဆင်နေတဲ့ ကမ်းလှမ်းမှုများနဲ့ ချယ်ဆီး အပြောင်းအရွှေ့ သတင်းများ

ချယ်ဆီးအသင်းဟာ ဘေဆယ်အသင်းမှ အစွန်နဲ့ ကွင်းလယ်ခံစစ်သမား ရီနာတို ဗေကာကို ပေါင် ၁၁.၉ သန်းဖြင့် ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပါပြီ။

နာပိုလီဘက်က တိုက်စစ်မှူး အိုဆင်မန်အတွက် ပေါင် သန်း ၁၁၀ အောက်ဖြင့် စကားပြောလိုပေမယ့် ချယ်ဆီးကတော့ သူ့ကို ခေါ်ယူရေး ညိနှိုင်းမှု ဝင်ဖွယ် မရှိတော့ပါဘူး။

ချယ်ဆီးအသင်းဟာ အက်သလက်တီကို တိုက်စစ်မှူး အိုမိုရိုဒီယန်ကို ပေါင် ၄၂ သန်းဖြင့် ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။ လာလီဂါကလပ်ကတော့ ပေါင် သန်း ၇၀ ထိ ရချင်နေပါတယ်။

ယူရိုမှာ အတူခြေစွမ်းပြနေတဲ့ နီကိုး ဝီလီယံကို ချယ်ဆီး အသင်းထံ ပြောင်းလာဖို့ ကူကူရယ်လာက အနီးကပ် စည်းရုံးနေတယ်လို့ သိရပါတယ်။

ချယ်ဆီးအသင်း တိုက်စစ်မှူး ဘရိုဂျာကတော့ အသင်းမှ ထွက်ခွါလိုကြောင်း အသိပေးထားကြောင်း သတင်းရရှိပါတယ်။

ချယ်ဆီးအသင်းဟာ အသက် ၂၀ အရွယ်ရှိ ပေါ်တူဂီ ကွင်းလယ်ကစားသမားလေး ဗီအီဂါကို ပေါင် ၁၂ သန်းနဲ့ ခေါ်ယူဖို့ နီးစပ်နေကြောင်း သိရပါတယ်။