
ပါလ်မာကတော့ ချယ်ဆီးနည်းပြသစ်ဖြစ်လာတဲ့ မာရက်စ်ကာနဲ့ လူငယ်တွေကြား ရေပန်းစားလာတဲ့ သူ့ရဲ့ အောင်ပွဲခံမှုတွေအကြောင်း ထုတ်ပြောလာပါတယ်။
စီးတီးမှာ မာရက်စ်ကာနဲ့ အတူ အလုပ်လုပ်ဖူးတဲ့ ကိုးလ်ပါလ်မာ က ” ဟုတ်ပါတယ် ။ စီးတီးက ယူ၂၁ အသင်းမှာ ကျွန်တော် သူ့အကြောင်း သိထားပြီးသားပါ ။ ဒါက အများကြီး အထောက်အကူပြုပါတယ် ။
ကျွန်တော်တို့ဟာ မန်နေဂျာသစ် တယောက်နဲ့ အစကနေ မိတ်ဆက်တာတွေ ၊ ပြောဆို ဆက်ဆံတာတွေ လုပ်စရာ မလိုတော့လို့ပါ ။ ” လို့ ပြောကြားခဲ့ပါတယ် ။
ချယ်ဆီး ခေါ်ယူထားတဲ့ လူငယ်ကြယ်ပွင့်တွေဖြစ်တဲ့ ပါယက်ဇ်နဲ့ ဝီလီယံတို့ဟာကိုပါ အမေရိကနဲ့ ဘရာဇီး စီးရီးအေ ပွဲတွေမှာ ဂိုးသွင်းယူအပြီး ပါလ်မာရဲ့ အောင်ပွဲခံပုံ အတိုင်း အတုယူကာ အောင်ပွဲခံခဲ့ကြပါတယ် ။
ဒါနဲ့ ပတ်သက်ပြီး ပါလ်မာ က ” ကစားသမား အနည်းငယ် ဒီလိုမျိုး အောင်ပွဲခံတာ ကျွန်တော် တွေ့ခဲ့ပါတယ် ။ ချယ်ဆီးက ခေါ်ယူထားတဲ့ လူငယ် ၂ယောက် အဲလိုမျိုး အောင်ပွဲခံခဲ့တာပါ ။ နောက်ထပ် တခြား ကစားသမား တချို့ရောပေါ့ ။ ”
” ဒါက ပျော်ဖို့ကောင်းတယ် မဟုတ်လား ? အမှန်အတိုင်းပြောရရင် သူတို့ဟာ လာမယ့်နှစ်မှာ ကျွန်တော်တို့နဲ့ အတူ ကစားကြမှာဖြစ်လို့ ဒါက ကောင်းပါတယ် ” လို့ ပြောကြားခဲ့ပါတယ် ။
စနေနေ့ညမှာ ကစားမယ့် ဆွစ်ဇာလန်နဲ့ ကွာတားဖိုင်နယ် ပွဲမှာ အင်္ဂလန် အတွက် ပါလ်မာ ကစားခွင့်ရမလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။