
မန်စီးတီး ကြယ်ပွင့် ၊ စပိန် လက်ရွေးစင် ကွင်းလယ်လူ ရိုဒရီကတော့ ဒီယူရိုမှာ အကောင်းဆုံး စာရင်းဝင် ဘယ်နောက်ခံလူ ဖြစ်နေတဲ့ ကူကူရယ်လာရဲ့ ခြေစွမ်း အဆင့်အတန်း အပေါ် အံ့အားသင့်မိကြောင်း ဖွင့်ဟဝန်ခံလာပါတယ်။
ချန်ပီယံခြေစွမ်းပြနေတဲ့ စပိန်အသင်းမှာ ဘယ်တောင်ပံဟာ ထူးခြား ကောင်းမွန်လွန်းနေသလို ဘယ်တောင်ပံမှာ ဘီလ်ဘာအို ကြယ်ပွင့် နီကို ဝီလီယမ်စ်နဲ့ ချဲလ်ဆီး ဘယ်နောက်ခံလူ မာ့ခ်ကူကူရယ်လာတို့ဟာ အံ့သြဖွယ်ကောင်းလောက်အောင် အတိုင်အဖောက် အချိတ်အဆက် မိနေတာကို တွေ့ရပါတယ် ။
ရိုဒရီ က ” စပိန် အသင်းဖော်တွေ အကြောင်း ကျွန်တော် သိပါတယ် ။ ဒါပေမယ့် ကူကူရယ်လာ ဒီပြိုင်ပွဲ အတွင်း ပြသနေတဲ့ ခြေစွမ်း အဆင့်အတန်းကို ပြောချင်တာပါ ။ ”
” သူဟာ ကျွန်တော်တို့ကို အများကြီး ကူညီပေးနေပါတယ် ။ အထူးသဖြင့် ခံစစ်ပိုင်းအရပါ ။ သူ့မှာ ပင်ကိုဟန်လည်း ရှိပါတယ် ။ ဒါကို ကျွန်တော် အတော် သဘောကျနေပြီး ၊ သူ ဒီပုံစံအတိုင်း ဆက်လက် ပြသနိုင်ဖို့ မျှော်လင့်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
ယူရို ၂၀၂၄ ကွာတားဖိုင်နယ်မှာ အိမ်ရှင် ဂျာမနီနဲ့ ရာနှုန်းပြည့် နိုင်ထားတဲ့ စပိန်တို့ ထိပ်တိုက်ရင်ဆိုင်မှာဖြစ်ကာ အနိုင်ရတဲ့အသင်းက ပေါ်တူဂီ vs ပြင်သစ်အတွဲက တက်လာတဲ့ အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။