ရက်နပ်ရဲ့ တိုက်တွန်းမှု၊ ဒူရမ် ကိစ္စ၊ အိုလစ်၊ ဆိုလန်ကီ၊ မာဒူခီ တို့နဲ့ နောက်ဆုံးရ ချယ်ဆီး အပြောင်းအရွှေ့ သတင်းထူးများ

ချယ်ဆီးအသင်းဟာ အက်စတွန်ဗီလာတို့ဟာ တိုက်စစ်မှူး ဒူရမ်အတွက် ပြောင်းရွှေ့ကြေးကို ပေါင် သန်း ၄၀ ဖြင့် နှစ်သင်း သဘောတူညီမှုရခဲ့ပါပြီ။ ချယ်ဆီးဘက်က ဒူရမ်နဲ့ ပုဂ္ဂိုလ်ရေး ဆက်လက် ညိနှိုင်းရပါမယ်။

ချန်ပီယံလိဂ်ကလပ်တွေ ကမ်းလှမ်းခဲ့ရင် ပေါင် သန်း ၆၀ ဖြင့် ထွက်ခွင့်ပေးရမယ်ဆိုတဲ့ သဘောတူညီချက် ပါဝင်ထားတဲ့ ပဲလေ့စ် တိုက်စစ်သမား အိုလစ်စ် ကို အဆိုပါ တန်ကြေးထက် ပိုမပေးရဖို့ ချယ်ဆီးဘက်က ယုံကြည်ချက်ရှိနေပါတယ်။

ကစားသမား ရောင်းချခြင်းကနေ ငွေပြန်ဖော်ဖို့ ကြိုးစားနေတဲ့ ချယ်ဆီးအသင်းဟာ ဝါရင့် နည်းပြဟောင်းကြီး ဟယ်ရီ ရက်နပ်ကတော့ အသင်းမပြောင်းချင်တဲ့ ဂေါ်လဂါကို ထုတ်ရောင်းမယ့်အစား ခြေမပေါ်တဲ့ ကစားသမားတွေကို ရောင်းချသွားဖို့ တိုက်တွန်းသွားပါတယ်။

အင်္ဂလန်ရဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ဂေါ်လဂါက သူ့ရဲ့ အနာဂတ် အကြောင်းနဲ့ ပတ်သက်ပြီး ” လက်ရှိမှာ ကျွန်တော်ဟာ ချဲလ်ဆီး ကစားသမား တယောက် ဖြစ်နေဆဲပါ။ ဒါပေမယ့် အခုအချိန်မှာ ကျွန်တော် အင်္ဂလန်နဲ့ ယူရို အကြောင်းပဲ စဉ်းစားနေပါတယ်။ ” လို့ ပြောကြားခဲ့ပါတယ်။

နယူးကာဆယ်အသင်းဟာ ချယ်ဆီး တိုက်စစ်သမား မာဒူခီကို အလိုရှိနေပြီး အက်စတွန်ဗီလာကတော့ ဘယ်အစွန်လူ မတ်ဆန်ကို ခေါ်ယူလိုနေပါတယ်။

ဘုန်းမောက် တိုက်စစ်မှူး ဆိုလန်ကီကို ပေါင် သန်း ၆၀ ဝန်းကျင်ဖြင့် ကမ်းလှမ်းဖို့ ချယ်ဆီးဘက်က ပြင်ဆင်လာနေပါတယ်။