
ချယ်ဆီးအသင်းကတော့ ခရစ္စတယ် ပဲလေ့စ်အသင်းရဲ့ ကြယ်ပွင့်ကစားသမား မိုက်ကယ် အိုလစ်စ်ကို ခေါ်ယူသွားဖို့အတွက် ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိသွားခဲ့ပြီ ဖြစ်ပြီး အပြောင်းအရွှေ့ အထမြောက်ဖို့အတွက် ကလပ် နှစ်သင်းကြား သဘောတူညီမှု ရရှိဖို့သာ လိုအပ်တော့တယ် လို့ သတင်းထွက်လာပါတယ်။
ချယ်ဆီးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီရဲ့ နွေဈေးကွက်မှာကတည်းက အိုလစ်စ်ကို ခေါ်ယူဖို့အတွက် အလွန် နီးစပ်တဲ့ အခြေအနေအထိတောင် ရောက်ရှိခဲ့ရပေမယ့်လည်း အပြောင်းအရွှေ့ အပြီးသတ်ခါနီးမှ အိုလစ်စ်ဘက်က ဆုံးဖြတ်ချက် ပြောင်းသွားခဲ့ပြီး ပဲလေ့စ်နဲ့သာ စာချုပ်သစ် ချုပ်ဆိုလိုက်တာကြောင့် ချယ်ဆီးက အိုလီဆေးအစား ကိုး ပါလ်မာကိုသာ ခေါ်ယူခဲ့ရပါတယ်။
အိုလစ်စ်က ပဲလေ့စ်နဲ့ ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ဘောလုံးရာသီကို အကောင်းဆုံး ဖြတ်သန်ရင်း ဒဏ်ရာပြသာနာကြောင့် ပရီးမီးယားလိဂ် (၁၉)ပွဲသာ ကစားခွင့်ရခဲ့ပေမယ့် (၁၀)ဂိုးအထိတောင် သွင်းယူပြီး (၆)ဂိုးအထိလည်း ဂိုးဖန်တီးပေးနိုင်ခဲ့တဲ့အထိ စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
ဒါကြောင့်မို့လည်း သူ့ကို ပရီးမီးယားလိဂ် ထိပ်သီးကလပ်အသင်းတွေက စိတ်ဝင်စားလာခဲ့သလို ချယ်ဆီးကလည်း တဖန် စိတ်ဝင်စားလာခဲ့ပါတယ်။ အိုလစ်စ်ကို လိုချင်နေတဲ့ ကလပ်တွေထဲမှာ မန်စီးတီး မန်ယူနိုက်တက် လီဗာပူးလ်တို့ ပါဝင်နေပြီး ချယ်ဆီးကလည်း နွေတုန်းက မခေါ်ယူနိုင်ခဲ့လိုက်တဲ့ အိုလီဆေးကို နောက်တစ်ကြိမ် ကြိုးပမ်းခဲ့ပါတယ်။
အင်္ဂလန် သတင်းတွေ အဆိုအရ ချယ်ဆီးဟာ အိုလစ်စ်ကို ခေါ်ယူရေး ကစားသမားဖြစ်သူနဲ့ လစာကိစ္စ စာချုပ်အခြေအနေတွေအားလုံး သဘောတူညီမှု ရယူထားနိုင်ခဲ့ပြီလို့ ဖော်ပြထားပြီး ချယ်ဆီးနဲ့ ပဲလေ့စ်အသင်းတို့ကြား ပြောင်းရွှေ့ကြေး သဘောတူညီမှု ရဖို့သာ ကျန်ရှိနေပါတော့တယ်။
ပဲလေ့စ်နဲ့ အိုလစ်စ်တို့ စာချုပ်သစ် ချုပ်ဆိုပြီးတဲ့နောက် အိုလီဆေးရဲ့ စာချုပ်ဖျက်သိမ်းကြေးကို အနည်းငယ် တိုးမြှင့်လိုက်တာကြောင့် ချယ်ဆီးအနေနဲ့ အိုလီဆေးအတွက် အဲ့ဒီ စာချုပ်လျော်ကြေးအတိုင်းနဲ့ ကမ်းလှမ်းသွားရမှာ ဖြစ်သလို အဲ့ဒီလျော်ကြေးကို ပေးချေသွားဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။