ချယ်ဆီး တိုက်စစ်မှုး နီကိုးလပ်စ် ဂျက်ဆင်က ဂိုးရှေ့မှာ အပိုင်အခွင့်အရေးတွေ ဖြုန်းတီးလွန်းသူ၊ ဂိုး မသွင်းတတ်သူ လို့ ဝေဖန်မှုတွေ များစွာ ခံယူနေပါတယ်။ ဒါပေမယ့် အချက်အလက်တွေကတော့ အဲဒီလို မဆိုပါဘူး။ ဂျက်ဆန် က အဆုံးသတ် ကောင်းမွန်သူ လို့တောင် ဖော်ပြနေပါသေးတယ်။
စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ အချက်အလက်တွေကိုအသုံးပြုပြီး ကစားသမားတွေရဲ့ အားသာချက်၊ အားနည်းချက်တွေကို ဖော်ပြလေ့ရှိတဲ့ WhoScored ဟာ ချဲယ်ဆီးတိုက်စစ်မှူး နီကိုးလပ်စ် ဂျက်ဆင်အကြောင်းကို အခုလိုဖော်ပြသွားတယ်။
ဂျက်ဆန်ရဲ့ အားသာချက်များ
အလိမ်အခေါက်
အရေးပါတဲ့ပေးပို့မှု
အမြင့်ဘောဆိုင်ရာကြိုးစားအားထုတ်မှု
အဆုံးသတ်
ဂျက်ဆန်ရဲ့ အားနည်းချက်
လူကျွံထောင်ချောက်သတိပြုနိုင်စွမ်း
ဘောလုံး ပရိသတ်တွေကတော့ WhoScored ရဲ့ အချက်အလက်တွေကို လှောင်ပြောင်မှုတွေ ရှိနေပါတယ်။
တကယ်လည်း ဂျက်ဆင်ဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ အာလင်းဟာလန်း (၃၄)၊ ဒါဝင်နူးနက်ဇ် (၂၇)ပြီးရင် အပိုင်အခွင့်အရေးလွဲချော်မှုအများဆုံး ကစားသမားအဖြစ် (၂၄)ကြိမ် ဖြုန်းတီးထားပါတယ်။
ကန်သွင်းချက်တွေကို ဂိုးအဖြစ်ပြောင်းလဲနိုင်စွမ်းမှာတော့ ဟာလန်းက (၂၂.၃)ရာခိုင်နှုန်း၊ ဂျက်ဆင်က (၁၇.၅) ရာခိုင်နှုန်း၊ နူးနက်ဇ်က (၁၀.၂) ရာခိုင်နှုန်းသာရှိပါတယ်။ ဆိုတော့ အချက်အလက်တွေအရ ဟာလန်းလို ဂိုးမုဆိုးတောင် အပိုင်အခွင့်အရေး အလွဲဆုံး ဖြစ်နေပါတယ်။
ဒါပေမယ့် ဝေဖန်မှုတွေ ကြားကနေပဲ ဂျက်ဆန်ဟာ ပြီးခဲ့တဲ့ ရာသီမှာ ချယ်ဆီး အတွက် ပရီးမီးယားလိဂ် ၁၄ ဂိုး အပါအဝင် ပြိုင်ပွဲစုံ သွင်းဂိုး ၁၇ ဂိုး ရှိထားပါတယ်။