ရီးရဲလ်နဲ့ အပြိုင်ချိတ်နေရတဲ့ ဘရာဇီး ကြယ်ပွင့်၊ လူကာကူကို ခေါ်ချင်တဲ့ ကွန်တီ၊ ခမ်းနားတဲ့ ကြိုဆိုမှု ရခဲ့သူ သီယေဂို ဆေးလ်ဗားနဲ့ ချယ်ဆီး ထူးခြား သတင်းများ

ချယ်ဆီးနဲ့ ရီးရဲလ်မက်ဒရစ် တို့ဟာ စီးရီးဘီ ကလပ် Sport Recife အသင်းထံမှ ဘရာဇီးလ် ဆက်ကျော်သက် အစွန် နောက်ခံလူ ပီဒရို လီမာ ကို ယူရို ၆ သန်း ဝန်းကျင်နဲ့ ခေါ်ယူဖို့ ကြိုးစားနေကြပါတယ်။

အာဆင်နယ်အသင်းထံမှ ခေါ်ယူထားခဲ့တဲ့ လူငယ်ကစားသမားလေး အိုမာရီ ဟတ်ချင်ဆွန်ကို ချယ်ဆီး အသင်းက အရောင်းစာရင်း တင်လိုက်ပါတယ်။

ချယ်ဆီး ကတော့ ဟတ်ချင်ဆွန် အတွက် ပေါင် ၂၅ သန်း ၃၀ လောက် လိုချင်နေပြီး အရောင်းအဝယ်ဖြစ်ခဲ့ရင် စာချုပ်ပါ အချက်အလက်အရ အသင်းဟောင်း အာဆင်နယ်အား ပြောင်းရွှေ့ကြေး တဝက် ပေးရမယ် လို့ သိရပါတယ်။

နာပိုလီ နည်းပြသစ် ဖြစ်လာခဲ့တဲ့ ကွန်တီဟာ ချဲလ်ဆီး မှာ လက်တွဲခဲ့ဖူးတဲ့ လူကာကူကို ပြန်လည် ခေါ်ယူဖို့ ရည်ရွယ်နေပါတယ်။

ချယ်ဆီး နည်းပြဟောင်း တူချယ်ဟာ မန်ချက်စတာ ယူနိုက်တက်ကို ကိုင်တွယ်ဖို့ ဆွေးနွေးမှု အနည်းငယ် ပြုလုပ်ခဲ့ပေမယ့် အဆုံးမှာ နည်းပြ အလုပ်ကနေ ခေတ္တ အနားယူထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ချယ်ဆီးနဲ့ စာချုပ်ကုန်ပြီးနောက် အသင်းဟောင်း ဖလူမီးနိစ်အသင်းထံ ပြန်သွားခဲ့တဲ့ သီယေဂို ဆေးလ်ဗားဟာ ပရိသတ် ၅ သောင်းခွဲလောက်က သောင်းသောင်းဖြဖြ ကြိုဆိုအားပေးတာကို ခံလိုက်ရပါတယ်။