
မနေ့ညက စတန်းဖို့ဒ်ဘရစ်ချ်မှာ UNICEF က စီစဉ် ကျင်းပခဲ့တဲ့ Soccer Aid ရန်ပုံငွေပွဲမှာ လမ်းပတ် နည်းပြ အဖြစ် ကိုင်တဲ့ အင်္ဂလန် XI အသင်းက ပိုချက်တီနို ကိုင်တဲ့ World XI အသင်းကို ၆-၃ ဂိုးဖြင့် အနိုင်ရရှိသွားခဲ့ပါတယ်။
World XI အသင်း ဘက်က ပါဝင် ကစားသွားတဲ့ အီဒင် ဟာဇက်ကလည်း သူ့ရဲ့ အမှတ်အသား တစ်ခု ဖြစ်တဲ့ ဖရီးကစ် ဂိုး အလန်းစား တစ်ဂိုးလည်း သွင်းယူသွားခဲ့ပါသေးတယ်။
ဒီပွဲအတွက် ကစားသမားဟောင်းများနှင့် နယ်ပယ်အသီးသီးမှ ထင်ရှားသူများက ရန်ပုံငွေပွဲအတွက် ပါဝင်ကူညီ ကစားကြပြီး ချယ်ဆီး ကစားသမားဟောင်း အများစု စတန်းဖို့ဒ်ဘရစ်ချ်ကို ပြန်လည်ရောက်ရှိလာခြင်းကလည်း ကြည်နူးစရာ မြင်ကွင်းတစ်ခု ဖြစ်ခဲ့ပါတယ်။
နည်းပြ ပိုချက်တီနို အတွက်လည်း ချယ်ဆီးကနေ ထွက်ခွာပြီး သီတင်းပတ် အနည်းငယ် အကြာမှာပဲ စတန်းဖို့ဘရစ်ျခ်ထံ ပြန်လာရတဲ့ ပွဲ ဖြစ်ခဲ့တာပါ။
Soccer Aid ရန်ပုံငွေပွဲများကို ၂၀၀၆ ခုနှစ် ကတည်းက ကစားလာခြင်း ဖြစ်ပါတယ်။