ဒီရာသီ အတည်ငြိမ်ဆုံး အသင်းသား၊ ရွိုင်ကိန်းနဲ့ နှိုင်းယှဉ်ခြင်းနဲ့ ချယ်ဆီး ညနေခင်းသတင်းများ

ချယ်ဆီးနည်းပြ လမ်းပတ်က လီဗာပူးနဲ့ ပွဲမှာ ပြန် ကစားခွင့်ရတာနဲ့ အကောင်းဆုံးအားထုတ် လက်စွမ်းပြခဲ့တဲ့ ဂိုးသမား ကီပါရဲ့ တုန့်ပြန်မှုကို အားရကျေနပ်နေပြီး ပွဲအပြီးမှာ ချီးကျူးစကားလည်း ဆိုခဲ့ပါတယ်။

ညကပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ကွင်းလယ် လူငယ် ဘီလီ ဂေးလ်မားအတွက် ချီးကျူးသံများ ညံနေပြီး ၎င်းဟာ ယူနိုက်တက် ဂန္တဝင် ရွိုင်ကိန်းလိုပဲ အကြောက်အရွံ့ မရှိ ရဲရင့်စွာ ကစားနိုင်သူလို့ ယူနိုက်တက် ကစားသမားဟောင်ငး တိုနီ ကပ်စ်ကာရီနိုက ချီးကျူးခဲ့ပါတယ်။

ချယ်ဆီးကွင်းလယ်တိုက်စစ်သမား ရော့စ် ဘာကလေက ယူရို ၂၀၂၀ ပြိုင်ပွဲ ဝင်မယ့် အင်္ဂလန်လက်ရွေးစင် အသင်းမှာ ပါဝင်ခွင့် တစ်နေရာ ရနိုင်မယ်လို့ ယုံကြည်မှု ရှိနေပါတယ်။

ပွဲကစားခွင့်ပိုရဖို့ ဇန်နဝါရီမှာ အသင်းပြောင်းချင်ခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့ တိုက်စစ်မှူး ဂျီရူး အခြေအနေအတွက် စိုးရိမ်မှု မရှိကြောင်း ပြင်သစ် လက်ရွေးစင် နည်းပြ ဒပ်ချမ့်စ်က ပြောဆိုလိုက်ပါတယ်။

ဒေါ့မွန်ဘက်ကတော့ ၎င်းတို့ရဲ့ တိုက်စစ်သမား ဆန်ချိုကို ခေါ်ယူလိုရင် ယူရို သန်း ၁၄၀ ပေးရမယ့်လို့ ဈေးလွှင့်ခဲ့ပြီ ဖြစ်ပါတယ်။ ချယ်ဆီးဟာ ဆန်ချိုနဲ့ ပက်သက်ပြီး သွေးအေးလာနေပြီလို့လည်း သတင်း ထွက်နေပါတယ်။

ချယ်ဆီးနဲ့ ယူနိုက်တက်တို့ အပြိုင် ကြိုးစားနေတဲ့ ဘာမင်ဂမ် စီးတီး လူငယ်ကြယ်ပွင့် ဘယ်လင်ဟမ်ကို ဒေါ့မွန်အသင်းက ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ပြီလို့ သိရပါတယ်။

ဒီရာသီမှာ ချယ်ဆီးရဲ့ အကောင်းဆုံးနဲ့ ခြေစွမ်း အတည်ငြိမ်ဆုံး ကစားသမားက ကွင်းလယ်လူ ကိုဗာဆစ်ဖြစ်တယ်လို့ အီရန်ရိုက်က ထုတ်ပြောလိုက်ပါတယ်။

Zawgyi – ခ်ယ္ဆီးနည္းျပ လမ္းပတ္က လီဗာပူးနဲ႕ ပြဲမွာ ျပန္ ကစားခြင့္ရတာနဲ႕ အေကာင္းဆံုးအားထုတ္ လက္စြမ္းျပခဲ့တဲ့ ဂိုးသမား ကီပါရဲ႕ တုန္႔ျပန္မႈကို အားရေက်နပ္ေနျပီး ပြဲအျပီးမွာ ခ်ီးက်ဴးစကားလည္း ဆိုခဲ့ပါတယ္။

ညကပြဲမွာ ေျခစြမ္းျပခဲ့တဲ့ ကြင္းလယ္ လူငယ္ ဘီလီ ေဂးလ္မားအတြက္ ခ်ီးက်ဴးသံမ်ား ညံေနျပီး ၄င္းဟာ ယူနိုက္တက္ ဂႏၱ၀င္ ရြိဳင္ကိန္းလိုပဲ အေၾကာက္အရြံ႕ မရွိ ရဲရင့္စြာ ကစားနုိင္သူလို႔ ယူနုိက္တက္ ကစားသမားေဟာင္ငး တိုနီ ကပ္စ္ကာရီနိုက ခ်ီးက်ဴးခဲ့ပါတယ္။

ခ်ယ္ဆီးကြင္းလယ္တိုက္စစ္သမား ေရာ့စ္ ဘာကေလက ယူရို ၂၀၂၀ ျပိဳင္ပြဲ ၀င္မယ့္ အဂၤလန္လက္ေရြးစင္ အသင္းမွာ ပါ၀င္ခြင့္ တစ္ေနရာ ရနုိင္မယ္လို႕ ယံုၾကည္မႈ ရွိေနပါတယ္။

ပြဲကစားခြင့္ပိုရဖို႔ ဇန္န၀ါရီမွာ အသင္းေျပာင္းခ်င္ခဲ့ေပမယ့္ မေအာင္ျမင္ခဲ့တဲ့ တိုက္စစ္မွဴး ဂ်ီရူး အေျခအေနအတြက္ စိုးရိမ္မႈ မရိွေၾကာင္း ျပင္သစ္ လက္ေရြးစင္ နည္းျပ ဒပ္ခ်မ့္စ္က ေျပာဆုိလိုက္ပါတယ္။

ေဒါ့မြန္ဘက္ကေတာ့ ၄င္းတို႔ရဲ႕ တိုက္စစ္သမား ဆန္ခ်ိဳကို ေခၚယူလိုရင္ ယူရို သန္း ၁၄၀ ေပးရမယ့္လို႔ ေစ်းလႊင့္ခဲ့ျပီ ျဖစ္ပါတယ္။ ခ်ယ္ဆီးဟာ ဆန္ခ်ိဳနဲ႔ ပက္သက္ျပီး ေသြးေအးလာေနျပီလို႔လည္း သတင္း ထြက္ေနပါတယ္။

ခ်ယ္ဆီးနဲ႕ ယူနိုက္တက္တို႔ အျပိဳင္ ၾကိဳးစားေနတဲ့ ဘာမင္ဂမ္ စီးတီး လူငယ္ၾကယ္ပြင့္ ဘယ္လင္ဟမ္ကို ေဒါ့မြန္အသင္းက ေခၚယူဖို႔ သေဘာတူညီမႈ ရခဲ့ျပီလို႔ သိရပါတယ္။

ဒီရာသီမွာ ခ်ယ္ဆီးရဲ႕ အေကာင္းဆံုးနဲ႔ ေျခစြမ္း အတည္ျငိမ္ဆံုး ကစားသမားက ကြင္းလယ္လူ ကိုဗာဆစ္ျဖစ္တယ္လို႔ အီရန္ရိုက္က ထုတ္ေျပာလိုက္ပါတယ္။