ထပ်တိုး ဒဏ်ရာရစာရင်းထဲ ပါဝင်သွားတဲ့ ဝီလီယမ်နဲ့ ကိုဗာဆစ်ရဲ့ အခြေအနေကို လမ်းပတ် ထုတ်ပြော

မနက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ ချယ်ဆီးနဲ့ လီဗာပူးပွဲမှာ ဝီလီယမ်၊ ဘာကလေတို့ရဲ့ သွင်းဂိုးတွေကြောင့် ချယ်ဆီးက ၂-၀ နဲ့ အနိုင်ရပြီး အက်ဖ်အေဖလား ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။

အဆိုပါပွဲမှာတော့ ပွဲချိန် ပထမပိုင်းမှာ ကိုဗာဆစ်က ဒဏ်ရာရခဲ့ပြီး ဒုတိယပိုင်းမှာတော့ အဖွင့်ဂိုးရှင် ဝီလီယမ်က ဒဏ်ရာရခဲ့တာပါ။ ဒါကြောင့် ချယ်ဆီးရဲ့ ဒဏ်ရာရ ကစားသမားများ စာရင်းမှာတော့ ကန်တီ၊ ပူလီဆစ်၊ အိုဒွိုင်း၊ အေဘရာဟမ်၊ ခရစ်စတန်ဆန်တို့နည်းတူ သူတို့ နှစ်ဦးလည်း ပါဝင်သွားခဲ့ပြီဖြစ်ပါတယ်။

ကိုဗာဆစ်နဲ့ ဝီလီယမ်တို့ဟာ ခြေထောက် ဒဏ်ရာတွေ ရခဲ့ကြတာလို့ ယူဆခဲ့ရပြီး ဒဏ်ရာတွေ မပြင်းထန်ဖို့ မျှော်လင့်ထားရတာ ဖြစ်တယ်။ ပွဲအပြီးမှာ သူတို့ရဲ့ အနေအထားကို လမ်းပတ်က ဖွင့်ဟခဲ့ပါသေးတယ်။

” ဝီလီယမ်ရဲ့ အခြေအနေက အရမ်းကြီး မဆိုးဖို့ မျှော်လင့်ပါတယ်။ အနည်းဆုံးသော ဒါကို သူ အကြောင်းပြန်ခဲ့တယ်။ ကိုဗာဆစ်က နည်းနည်း ပိုဆိုးတယ်လို့ ခံစားရတယ်။ ဒါပေပမယ့် သူ့ရဲ့ ဒဏ်ရာကိုလည်း မပြင်းထန်ဖို့ မျှော်လင့်ထားတယ်။ ကျနေ်ာတို့ စောင့်ကြည့်သွားရမှာပါ ” လို့ ဆိုခဲ့တာဖြစ်တယ်။

မန်နေဂျာလမ်းပတ်က ဘုန်းမောက်နဲ့ ပွဲက ပွဲထွက်စာရင်းကို ၆နေရာ အထိ အပြောင်းအလဲ လုပ်ခဲ့ပြီး ဒီအထဲမှာ လူငယ် ကွင်းလယ်လူ ဘီလီ ဂီလ်မာ ပါဝင်ခဲ့ကာ ခြေစွမ်းပြနိုင်ခဲ့တယ်။ ဒါဟာ အသက် ၁၈ နှစ် အရွယ်သာ ရှိသေးတဲ့ ဂီလ်မာ အတွက် ချယ်လ်ဆီး စီနီယာ အသင်း မှာ ၃ပွဲမြောက် ပွဲထွက်ခွင့် ရခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

မနက္က ယွဥ္ျပိဳင္ကစားခဲ့တဲ့ ခ်ယ္ဆီးန႔ဲ လီဗာပူးပြဲမွာ ဝီလီယမ္၊ ဘာကေလတို႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ ခ်ယ္ဆီးက ၂-၀ နဲ႔ အႏုိင္ရျပီး အက္ဖ္ေအဖလား ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္သြားခဲ့ျပီျဖစ္ပါတယ္။

အဆိုပါပြဲမွာေတာ့ ပြဲခ်ိန္ ပထမပိုင္းမွာ ကိုဗာဆစ္က ဒဏ္ရာရခ့ဲျပီး ဒုတိယပိုင္းမွာေတာ့ အဖြင့္ဂိုးရွင္ ဝီလီယမ္က ဒဏ္ရာရခဲ့တာပါ။ ဒါေၾကာင့္ ခ်ယ္ဆီးရဲ႕ ဒဏ္ရာရ ကစားသမားမ်ား စာရင္းမွာေတာ့ ကန္တီ၊ ပူလီဆစ္၊ အိုဒိြဳင္း၊ ေအဘရာဟမ္၊ ခရစ္စတန္ဆန္တို႔နည္းတူ သူတို႔ ႏွစ္ဦးလည္း ပါဝင္သြားခဲ့ျပီျဖစ္ပါတယ္။

ကိုဗာဆစ္နဲ႔ ဝီလီယမ္တုိ႔ဟာ ေျခေထာက္ ဒဏ္ရာေတြ ရခဲ့ၾကတာလို႔ ယူဆခဲ့ရျပီး ဒဏ္ရာေတြ မျပင္းထန္ဖို႔ ေမွ်ာ္လင့္ထားရတာ ျဖစ္တယ္။ ပြဲအျပီးမွာ သူတို႔ရဲ႕ အေနအထားကို လမ္းပတ္က ဖြင့္ဟခဲ့ပါေသးတယ္။

” ဝီလီယမ္ရဲ႔ အေျခအေနက အရမ္းၾကီး မဆိုးဖို႔ ေမွ်ာ္လင့္ပါတယ္။ အနည္းဆံုးေသာ ဒါကို သူ အေၾကာင္းျပန္ခဲ့တယ္။ ကိုဗာဆစ္က နည္းနည္း ပိုဆိုးတယ္လို႔ ခံစားရတယ္။ ဒါေပပမယ့္ သူ႔ရဲ႕ ဒဏ္ရာကိုလည္း မျပင္းထန္ဖို႔ ေမွ်ာ္လင့္ထားတယ္။ က်ေန္ာတို႔ ေစာင့္ၾကည့္သြားရမွာပါ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

မန္ေနဂ်ာလမ္းပတ္က ဘုန္းေမာက္နဲ႔ ပြဲက ပြဲထြက္စာရင္းကို ၆ေနရာ အထိ အေျပာင္းအလဲ လုပ္ခဲ့ၿပီး ဒီအထဲမွာ လူငယ္ ကြင္းလယ္လူ ဘီလီ ဂီလ္မာ ပါဝင္ခဲ့ကာ ေျခစြမ္းျပႏုိင္ခဲ့တယ္။ ဒါဟာ အသက္ ၁၈ ႏွစ္ အ႐ြယ္သာ ရွိေသးတဲ့ ဂီလ္မာ အတြက္ ခ်ယ္လ္ဆီး စီနီယာ အသင္း မွာ ၃ပြဲေျမာက္ ပြဲထြက္ခြင့္ ရခဲ့တာ ျဖစ္ပါတယ္။