
ချယ်ဆီးအသင်းဟာ ဒီတပတ် ပရီးမီးယားလိဂ်မှာလည်း နောက်ထပ် လန်ဒန် မြို့ခံ ပြိုင်ဘက် တစ်သင်း ဖြစ်တဲ့ ဝက်စ်ဟမ်း အသင်းနဲ့ တွေ့ဆုံနေပါတယ်။
ဒီပွဲကတော့ မနက်ဖြန် တနင်္ဂနွေနေ့ ည ၇ နာရီခွဲ အချိန်၊ စတန်းဖို့ဘရစ်ချ် ကွင်းမှာ ယှဉ်ပြိုင် ကြမှာပါ။
ဘီဘီစီ သတင်းဌာနမှ သုံးသပ်သူ ခရစ်ဆက်တန် က ချယ်ဆီး – ဝက်စ်ဟမ်း တို့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပြီ ဖြစ်ပါတယ်။
ခရစ်ဆက်တန်ရဲ့ ပွဲကြို သုံးသပ်ချက်
ရာသီကုန်မှာတော့ ဒေးဗစ် မိုးယက်စ်ဟာ ဝက်စ်ဟမ်းကနေ ထွက်ခွာသွားဖွယ် ရှိနေပါတယ်။ မိုးယက်စ်ဟာ သူ လုပ်ပေးခဲ့တာအတွက် ထိုက်တန်တဲ့ အသိအမှတ်ပြုမှု မရပါဘူး။
ဒါပေမယ့် နောက်ဆုံး ၈ ပွဲမှာ ၁ ပွဲပဲ အနိုင်ရထားတဲ့ ဝက်စ်ဟမ်း က ပုံစံကောင်းမှာ ရှိမနေပါဘူး။
ဒါက ချယ်ဆီးအတွက် ၁ ပတ်အတွင်း ၂ ပွဲမြောက် လန်ဒန်ဒါဘီပွဲပါ။ သူတို့အတွက်ကတော့ အဆင့် ၆ နေရာအတွက် ယှဉ်ပြိုင်နေရတာပါ။ အကြိတ်အနယ် ရှိနေပေမယ့် ဒီပွဲမှာ ချယ်ဆီးပဲ နှာတဖျားသာသွားမယ် ထင်ပါတယ်။
ခရစ်ဆက်တန် ခန့်မှန်းရလဒ်
ချယ်ဆီး ၂-၁ ဝက်စ်ဟမ်း