ကီပါကို ပွဲထွက်ခွင့် ပြန်ပေးဖြစ်ခဲ့တဲ့ အကြောင်း တုန့်ပြန်ဖြေရှင်းခဲ့တဲ့ လမ်းပတ်

ချယ်ဆီးနည်းပြ ဖရန့်လမ်းပတ်က ဒီတလော ပွဲစဉ်များမှာ ချန်လှပ်ခဲ့တဲ့ ဂိုးသမား ကီပါကို လီဗာပူးနဲ့ အက်ဖ်အေပွဲမှာ ပြန် ပွဲထွက် ကစားစေခဲ့ပြီး ထိုဆုံးဖြတ်ချက်အပေါ် မေးခွန်းထုတ်ကြခြင်းများကို ပွဲအပြီးမှာ ဖြေရှင်း တုန့်ပြန်ခဲ့ပါတယ်။

ညကပွဲမတိုင်ခင်က လမ်းပတ်ဟာ ကီပါကို ချန်လှပ်ပြီး ချယ်ဆီး ပွဲထွက် ဂိုးသမား အဖြစ် ဝါရင့် ဂိုးသမားကြီး ကာဘယ်လာရိုကိုပဲ ပွဲဆက် ထည့်သုံးခဲ့တာပါ။ ကီပါရဲ့ အနေအထားကိုတော့ ထရိန်နင်မှာ စောင့်ကြည့်နေတယ် တွင်တွင် ဆိုခဲ့ပြီးနောက် အခုလို စပိန်သားကို ပြန် အခွင့်အရေး ပေးခဲ့တာ ဖြစ်ပါတယ်။

” ကျနော်က နိုင်ငံရေး လုပ်နေတာ မဟုတ်ဘူး။ ဒါက ဂိုးသမား ဘယ်သူ့ကို သုံးမလဲ ရွေးချယ်တာလောက်ပဲ ဖြစ်တယ်။ တစ်ရာသီလုံးလည်း ကျနော် ပြောခဲ့ပါတယ်။ ကျနော်တို့မှာ ဂိုးသမားကောင်း ်နှစ်ယောက် ရှိတယ်။ ဒီတော့ သူ့ အကောင်းဆုံး ပုံစံ စွမ်းဆောင်ပြဖို့ အခွင့်အရေးကောင်း ရခဲ့တာ ဖြစ်တယ်။

ကျနော်က အမြဲ ထရိန်နင်နဲ့ ရလဒ်တွေပေါ် ကြည့်ပြီး ဆုံးဖြတ်တာပါ။ သူ ဒီလို ဝင်ကစားပြီး ကောင်းကောင်း လုပ်ပြနိုင်မယ့်အပေါ် သံသယလည်း မရှိခဲ့ပါဘူး။ သူက ဘယ်လို ကစားသမားဆိုတာ ကျနော် သိတယ်။ ဒီအခွင့်အရေးကို သူ ကောင်းစွာ အသုံးချပြခဲ့တယ်။ ” လို့ လမ်းပတ်က ကီပါနဲ့ ပတ်သတ်ပြီး ပြောကြားခဲ့ပါတယ်။

ကီပါဟာ ညက ပွဲမှာ ကာကွယ်မှုကောင်းတွေ ပြုလုပ်နိုင်ခဲ့ပြီး ချယ်ဆီးအသင်း ပေးဂိုး မရှိဘဲ ဂိုးပြတ် နိုင်ပွဲရအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် ၎င်းရဲ့ ပွဲထွက် ဂိုသမား နေရာ ပြန် ရယူနိုင်ဖို့ အလားအလာကောင်းတွေ ရှိခဲ့ပြီ ဖြစ်ပါတယ်။

လီဗာပူးနဲ့ ပွဲမှာ ကီပါကို ပြန်သုံးတဲ့ အပြင် လမ်းပတ် အနေနဲ့ ချယ်ဆီး ပွဲထွက် စာရင်းမှာ နောက်ထပ် ဆုံးဖြတ်ချက်ကြီး အဖြစ် ဆယ်ကျော်သက် လူငယ်ကွင်းလယ် ဂေးလ်မားကို သုံးခဲ့တာ ဖြစ်ပြီး ၎င်းကလည်း လမ်းပတ် အားရလောက်အောင် အထူး ခြေစွမ်းပြ နိုင်ခဲ့ပါတယ်။

Zawgyi – ခ်ယ္ဆီးနည္းျပ ဖရန္႔လမ္းပတ္က ဒီတေလာ ပြဲစဥ္မ်ားမွာ ခ်န္လွပ္ခဲ့တဲ့ ဂိုးသမား ကီပါကို လီဗာပူးနဲ႕ အက္ဖ္ေအပြဲမွာ ျပန္ ပြဲထြက္ ကစားေစခဲ့ျပီး ထိုဆံုးျဖတ္ခ်က္အေပၚ ေမးခြန္းထုတ္ၾကျခင္းမ်ားကို ပြဲအျပီးမွာ ေျဖရွင္း တုန္႔ျပန္ခဲ့ပါတယ္။

ညကပြဲမတိုင္ခင္က လမ္းပတ္ဟာ ကီပါကို ခ်န္လွပ္ျပီး ခ်ယ္ဆီး ပြဲထြက္ ဂိုးသမား အျဖစ္ ၀ါရင့္ ဂိုးသမားၾကီး ကာဘယ္လာရိုကိုပဲ ပြဲဆက္ ထည့္သံုးခဲ့တာပါ။ ကီပါရဲ႕ အေနအထားကိုေတာ့ ထရိန္နင္မွာ ေစာင့္ၾကည့္ေနတယ္ တြင္တြင္ ဆိုခဲ့ျပီးေနာက္ အခုလို စပိန္သားကို ျပန္ အခြင့္အေရး ေပးခဲ့တာ ျဖစ္ပါတယ္။

” က်ေနာ္က နုိင္ငံေရး လုပ္ေနတာ မဟုတ္ဘူး။ ဒါက ဂိုးသမား ဘယ္သူ႔ကို သံုးမလဲ ေရြးခ်ယ္တာေလာက္ပဲ ျဖစ္တယ္။ တစ္ရာသီလံုးလည္း က်ေနာ္ ေျပာခဲ့ပါတယ္။ က်ေနာ္တို႔မွာ ဂိုးသမားေကာင္း ္နွစ္ေယာက္ ရွိတယ္။ ဒီေတာ့ သူ႔ အေကာင္းဆံုး ပံုစံ စြမ္းေဆာင္ျပဖို႔ အခြင့္အေရးေကာင္း ရခဲ့တာ ျဖစ္တယ္။

က်ေနာ္က အျမဲ ထရိန္နင္နဲ႕ ရလဒ္ေတြေပၚ ၾကည့္ျပီး ဆံုးျဖတ္တာပါ။ သူ ဒီလို ၀င္ကစားျပီး ေကာင္းေကာင္း လုပ္ျပနိုင္မယ့္အေပၚ သံသယလည္း မရွိခဲ့ပါဘူး။ သူက ဘယ္လို ကစားသမားဆိုတာ က်ေနာ္ သိတယ္။ ဒီအခြင့္အေရးကို သူ ေကာင္္းစြာ အသံုးခ်ျပခဲ့တယ္။ ” လုိ႔ လမ္းပတ္က ကီပါနဲ႕ ပတ္သတ္ျပီး ေျပာၾကားခဲ့ပါတယ္။

ကီပါဟာ ညက ပြဲမွာ ကာကြယ္မႈေကာင္းေတြ ျပဳလုပ္နုိင္ခဲ့ျပီး ခ်ယ္ဆီးအသင္း ေပးဂိုး မရွိဘဲ ဂိုးျပတ္ နုိင္ပြဲရေအာင္ ကူညီေပးနုိင္ခဲ့ပါတယ္။ ဒါေၾကာင့္ ၄င္းရဲ႕ ပြဲထြက္ ဂိုသမား ေနရာ ျပန္ ရယူနုိင္ဖို႔ အလားအလာေကာင္းေတြ ရွိခဲ့ျပီ ျဖစ္ပါတယ္။

လီဗာပူးနဲ႕ ပြဲမွာ ကီပါကို ျပန္သံုးတဲ့ အျပင္ လမ္းပတ္ အေနနဲ႕ ခ်ယ္ဆီး ပြဲထြက္ စာရင္းမွာ ေနာက္ထပ္ ဆံုးျဖတ္ခ်က္ၾကီး အျဖစ္ ဆယ္ေက်ာ္သက္ လူငယ္ကြင္းလယ္ ေဂးလ္မားကို သံုးခဲ့တာ ျဖစ္ျပီး ၄င္းကလည္း လမ္းပတ္ အားရေလာက္ေအာင္ အထူး ေျခစြမ္းျပ နိုင္ခဲ့ပါတယ္။