ပေါ်တိုရဲ့ သက်တမ်းတိုး စာချုပ်ကို ငြင်းပယ်လိုက်တဲ့ ချယ်ဆီးပစ်မှတ် တဲလက်စ်

ချယ်ဆီးအသင်း ပစ်မှတ်ထားနေတဲ့ ဘရာဇီးသား ဘယ်စွန် ခံစစ်မှူး အဲလက်စ် တဲလက်စ်ဟာ လက်ရှိကလပ် ပေါ်တိုအသင်းရဲ့ သက်တမ်းတိုး ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ကြောင်း ပေါ်တူဂီသတင်းဌာနက ဖော်ထုတ်လိုက်ပါတယ်။

ဒီသတင်းက တဲလက်စ်ကို ပြီးခဲ့တဲ့ လတွေ အတွင်း ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ ချယ်ဆီး အတွက် အချက်ပေးမှုလို ဖြစ်လာပါတယ်။

တဲလက်စ်ရဲ့ လက်ရှိ စာချုပ်က ၂၀၂၁ နွေမှာ ကုန်ဆုံးတော့မှာ ဖြစ်ပြီး ၎င်းရဲ့ စာချုပ်သစ် ငြင်းပယ်မှုကြောင့် ပေါ်တိုက နောက်နှစ်မှ ပြောင်းရွှေ့ကြေး အလွတ်နဲ့ လက်လွှတ်ရမယ့် အစား လာမယ့်နွေမှာ ရောင်းချဖို့ ကြိုးစားဖွယ် ရှိလာပါတယ်။

ချယ်ဆီးနည်းပြ လမ်းပတ်ဟာ အသင်း လက်ရှိ ဘယ်စွန် နှစ်ဦး ဖြစ်တဲ့ အလွန်ဆိုနဲ့ အီမာဆန်ကို ရောင်းထုတ်လိုနေပြီး တဲလက်စ်ကို အစားထိုး ခေါ်ယူလိုနေပါတယ်။ လာမယ့်နွေမှာ ဘယ်စွန်ခံစစ် တစ်ဦးတော့ ခေါ်ယူဖို့ အစီအစဉ် ရှိတဲ့ ချယ်ဆီးက လက်စတာမှ ဘန်ချေးဝဲလ်ကိုလည်း ဦးစားပေး ပစ်မှတ် ထားနေပါတယ်။

ဒါပေမယ့် အင်္ဂလန်သားထက် ဘရာဇီးသား တဲလက်စ်က ဈေးပိုချိုမယ့် အနေအထား ရှိနေတာပါ။ တဲလက်စ်ရဲ့ လက်ရှိ စာချုပ် ဖျက်သိမ်းကြေး က ပေါင် ၃၃.၅ သန်း ဖြစ်ပြီး လက်ရှိစာချုပ်က တစ်နှစ်သာ ကျန်တာကြောင့် ချယ်ဆီး အနေနဲ့ တဲလက်စ်ကို ပေါင် သန်း ၂၀ ဝန်းကျင်နဲ့ ရနိုင်တယ်လို့ ခန့်မှန်းရပါတယ်။

အသက် ၂၇ နှစ် ရှိပြီ ဖြစ်တဲ့ ဘရာဇီးသားဟာ ပေါ်တိုသို့ ၂၀၁၆ မှာ ဂါလာတာစာရေးကနေ ရောက်လာတည်းက အဓိက ကစားသမား တစ်ဦး အဖြစ် ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ တဲလက်စ်ဟာ ပေါ်တို အတွက် ပြိုင်ပွဲစုံ ၁၈၂ ပွဲ ကစားထားပြီး ၂၁ ဂိုး သွင်း၊ ၅၂ ဂိုး ထောက်ပံ့မှု ပြုလုပ်ထားပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္း ပစ္မွတ္ထားေနတဲ့ ဘရာဇီးသား ဘယ္စြန္ ခံစစ္မွဴး အဲလက္စ္ တဲလက္စ္ဟာ လက္ရွိကလပ္ ေပၚတိုအသင္းရဲ႕ သက္တမ္းတိုး ကမ္းလွမ္းမႈကို ျငင္းဆန္ခဲ့ေၾကာင္း ေပၚတူဂီသတင္းဌာနက ေဖာ္ထုတ္လိုက္ပါတယ္။ ဒီသတင္းက တဲလက္စ္ကို ျပီးခဲ့တဲ့ လေတြ အတြင္း ေခၚယူဖို႔ ေစာင့္ၾကည့္ေနတဲ့ ခ်ယ္ဆီး အတြက္ အခ်က္ေပးမႈလို ျဖစ္လာပါတယ္။

တဲလက္စ္ရဲ႕ လက္ရွိ စာခ်ဳပ္က ၂၀၂၁ ေႏြမွာ ကုန္ဆံုးေတာ့မွာ ျဖစ္ျပီး ၄င္းရဲ႕ စာခ်ဳပ္သစ္ ျငင္းပယ္မႈေၾကာင့္ ေပၚတိုက ေနာက္နွစ္မွ ေျပာင္းေရႊ႕ေၾကး အလြတ္နဲ႕ လက္လႊတ္ရမယ့္ အစား လာမယ့္ေႏြမွာ ေရာင္းခ်ဖို႔ ၾကိဳးစားဖြယ္ ရွိလာပါတယ္။

ခ်ယ္ဆီးနည္းျပ လမ္းပတ္ဟာ အသင္း လက္ရွိ ဘယ္စြန္ နွစ္ဦး ျဖစ္တဲ့ အလြန္ဆိုနဲ႕ အီမာဆန္ကို ေရာင္းထုတ္လိုေနျပီး တဲလက္စ္ကို အစားထိုး ေခၚယူလိုေနပါတယ္။ လာမယ့္ေႏြမွာ ဘယ္စြန္ခံစစ္ တစ္ဦးေတာ့ ေခၚယူဖို႔ အစီအစဥ္ ရွိတဲ့ ခ်ယ္ဆီးက လက္စတာမွ ဘန္ေခ်း၀ဲလ္ကိုလည္း ဦးစားေပး ပစ္မွတ္ ထားေနပါတယ္။

ဒါေပမယ့္ အဂၤလန္သားထက္ ဘရာဇီးသား တဲလက္စ္က ေစ်းပိုခ်ိဳမယ့္ အေနအထား ရွိေနတာပါ။ တဲလက္စ္ရဲ႕ လက္ရွိ စာခ်ဳပ္ ဖ်က္သိမ္းေၾကး က ေပါင္ ၃၃.၅ သန္း ျဖစ္ျပီး လက္ရွိစာခ်ဳပ္က တစ္နွစ္သာ က်န္တာေၾကာင့္ ခ်ယ္ဆီး အေနနဲ႕ တဲလက္စ္ကို ေပါင္ သန္း ၂၀ ၀န္းက်င္နဲ႕ ရနုိင္တယ္လို႔ ခန္႔မွန္းရပါတယ္။

အသက္ ၂၇ နွစ္ ရွိျပီ ျဖစ္တဲ့ ဘရာဇီးသားဟာ ေပၚတိုသို႔ ၂၀၁၆ မွာ ဂါလာတာစာေရးကေန ေရာက္လာတည္းက အဓိက ကစားသမား တစ္ဦး အျဖစ္ ေျခစြမ္းျပနိုင္ခဲ့ပါတယ္။ တဲလက္စ္ဟာ ေပၚတို အတြက္ ျပိဳင္ပြဲစံု ၁၈၂ ပြဲ ကစားထားျပီး ၂၁ ဂိုး သြင္း၊ ၅၂ ဂိုး ေထာက္ပံ့မႈ ျပဳလုပ္ထားပါတယ္။