ချယ်ဆီးနဲ့ လမ်းပတ်တို့ ပိုင်ဆိုင်ထားတဲ့ အားသာချက်ကောင်းတွေကို ကလော့ပ် ထုတ်ပြော

ကြားရက်ပွဲအဖြစ် အက်ဖ်အေဖလား ပဉ္စမအဆင့်မှာတော့ ချယ်ဆီးဟာ လီဗာပူးကို အိမ်ကွင်း စတမ်းဖိုဒ့်ဘရစ်မှာ ဧည့်ခံ ကစားရမှာဖြစ်ပါတယ်။

ချယ်ဆီးဟာ ပရီးမီးယားလိဂ်မှာ အဆင့်လေးဝင်ခွင့်ကို အာရုံစိုက်နေပေမယ့် ဒီရာသီ ဆုဖလားတစ်လုံး ကိုင်မြောက်နိုင်ဖို့ အက်ဖ်အေဖလားကို အားပြုလာဖွယ်ရှိနေတယ်။ ပြိုင်ဘက် မန်နေဂျာ ယာဂင်ကလေ့ာပ်က ပွဲကြိုမှာ ချယ်ဆီးနဲ့ ပက်သက်ပြီး ပြောရာမှာ ဖရန့်ဟာ ချယ်ဆီးကို အကောင်းဆုံး ကိုင်တွယ်ပြနေသူလို့ ထည့်သွင်း ချီးကျူးသွားခဲ့ပါသေးတယ်။

ကလော့ပ်က ပြောရာမှာ ” ဖရန့်က ချယ်ဆီးအသင်းကို အကောင်းဆုံး မောင်းနှင်ပြထားသူပါ။ ကျနော် အနေနဲ့ သူတို့ရဲ့ အစီအစဉ်တွေကိုလည်း သဘောကျပါတယ်။ အပြောင်းအရွှေ့ ပိတ်ခံရတာကြောင့် လူငယ်တွေကို အသားပေးပြီး တည်ဆောက်မှု ပြုလုပ်နေသလားဆိုတာ မသေချာပေမယ့် ချယ်ဆီးမှာက အရည်အသွေးမြင့် လူငယ်ကစားသမားကောင်းတွေကို ပိုင်ဆိုင်ထားပါတယ်။

ပရီးမီးယားလိဂ်မှာ သူတို့ရဲ့ ကျော်ဖြတ်နေတဲ့ အနေအထားကလည်း ကောင်းမွန်ပြီး ဒီအခြေအနေထိတော့ ချီးကျူးခံရမှုတွေ ရထိုက်တယ်ဆိုတာ သေချာပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့်ကိုတော့ ပြိုင်ဘက် ၃ သင်းလောက်ကို အနိုင်ယူနိုင်မှ ပိုင်နိုင်မှာပါ။ ဒါပေမယ့် ချယ်ဆီးက ချန်ပီယံလိဂ် တစ်ဘက်နဲ့ လိဂ်မှာ အဆင့်ရပ်တည်မှုကောင်း ရအောင် စွမ်းဆောင်ထားပြီး ဒါက မလွယ်ပါဘူး။

ဖရန့်က ချယ်ဆီးကို သိပ်ကောင်းတဲ့ ပုံစံတွေနဲ့ ကိုင်တွယ်ပြနေတာဖြစ်တယ်။ မန်နေဂျာတွေထဲမှာ သူက ကစားသမားဘဝမှာလည်း အောင်မြင်ခဲ့တဲ့သူဖြစ်တယ်။ သူက ကျရံှူးမှုရဲ့ ခံစားချက်တွေကို နားလည်သလို ဘယ်လို အနိုင်ရအောင် လုပ်ရမယ်ဆိုတာအတွက် အတွေ့အကြုံကောင်းလည်း ရှိသူ ဖြစ်ပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

ၾကားရက္ပြဲအျဖစ္ အက္ဖ္ေအဖလား ပဥၥမအဆင့္မွာေတာ့ ခ်ယ္ဆီးဟာ လီဗာပူးကို အိမ္ကြင္း စတမ္းဖိုဒ့္ဘရစ္မွာ ဧည့္ခံ ကစားရမွာျဖစ္ပါတယ္။

ခ်ယ္ဆီးဟာ ပရီးမီးယားလိဂ္မွာ အဆင့္ေလးဝင္ခြင့္ကို အာရံုစိုက္ေနေပမယ့္ ဒီရာသီ ဆုဖလားတစ္လံုး ကိုင္ေျမာက္ႏုိင္ဖို႔ အက္ဖ္ေအဖလားကို အားျပဳလာဖြယ္ရွိေနတယ္။ ျပိဳင္ဘက္ မန္ေနဂ်ာ ယာဂင္ကေလ့ာပ္က ပြဲၾကိဳမွာ ခ်ယ္ဆီးနဲ႔ ပက္သက္ျပီး ေျပာရာမွာ ဖရန္႔ဟာ ခ်ယ္ဆီးကို အေကာင္းဆံုး ကိုင္တြယ္ျပေနသူလို႔ ထည့္သြင္း ခ်ီးက်ဴးသြားခဲ့ပါေသးတယ္။

ကေလာ့ပ္က ေျပာရာမွာ ” ဖရန္႔က ခ်ယ္ဆီးအသင္းကို အေကာင္းဆံုး ေမာင္းႏွင္ျပထားသူပါ။ က်ေနာ္ အေနနဲ႔ သူတို႔ရဲ႕ အစီအစဥ္ေတြကိုလည္း သေဘာက်ပါတယ္။ အေျပာင္းအေရႊ႔ ပိတ္ခံရတာေၾကာင့္ လူငယ္ေတြကို အသားေပးျပီး တည္ေဆာက္မႈ ျပဳလုပ္ေနသလားဆိုတာ မေသခ်ာေပမယ့္ ခ်ယ္ဆီးမွာက အရည္အေသြးျမင့္ လူငယ္ကစားသမားေကာင္းေတြကို ပိုင္ဆိုင္ထားပါတယ္။

ပရီးမီးယားလိဂ္မွာ သူတို႔ရဲ႕ ေက်ာ္ျဖတ္ေနတဲ့ အေနအထားကလည္း ေကာင္းမြန္ျပီး ဒီအေျခအေနထိေတာ့ ခ်ီးက်ဴးခံရမႈေတြ ရထိုက္တယ္ဆိုတာ ေသခ်ာပါတယ္။ ခ်န္ပီယံလိဂ္ဝင္ခြင့္ကိုေတာ့ ျပိဳင္ဘက္ ၃ သင္းေလာက္ကို အႏုိင္ယူႏုိင္မွ ပိုင္ႏုိင္မွာပါ။ ဒါေပမယ့္ ခ်ယ္ဆီးက ခ်န္ပီယံလိဂ္ တစ္ဘက္နဲ႔ လိဂ္မွာ အဆင့္ရပ္တည္မႈေကာင္း ရေအာင္ စြမ္းေဆာင္ထားျပီး ဒါက မလြယ္ပါဘူး။

ဖရန္႔က ခ်ယ္ဆီးကို သိပ္ေကာင္းတဲ့ ပံုစံေတြနဲ႔ ကိုင္တြယ္ျပေနတာျဖစ္တယ္။ မန္ေနဂ်ာေတြထဲမွာ သူက ကစားသမားဘဝမွာလည္း ေအာင္ျမင္ခဲ့တဲ့သူျဖစ္တယ္။ သူက က်ရံွဴးမႈရဲ႕ ခံစားခ်က္ေတြကို နားလည္သလို ဘယ္လို အႏုိင္ရေအာင္ လုပ္ရမယ္ဆိုတာအတြက္ အေတြ႔အၾကံဳေကာင္းလည္း ရွိသူ ျဖစ္ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။