ဂျော်ဂျင်ဟို ပွဲပယ်ကြောင့် မပါနိုင်ချိန်မှာ အခွင့်အရေးရဖွယ် ရှိတဲ့ ချယ်ဆီး ကွင်းလယ်လူငယ်

ချယ်ဆီးနည်းပြ ဖရန့်လမ်းပတ်က ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟို ပွဲပယ်ကြောင့် မပါဝင်နိုင်ချိန်မှာ အခြား ကစားသမားများ ဝင်ရောက် ကစားနိုင်မှာ ဖြစ်လို့ ကောင်းစွာ ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်နေပြီး အီတလီသား မပါနိုင်ချိန်မှာ လူငယ် ကစားသမား ဘီလီဂေးလ်မားလည်း အခွင့်အရေး ရနိုင်ေ်ကြာင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ဂျော်ဂျင်ဟို အပြင် ကွင်းလယ်ကစားသမား ကန်တေကလည်း ဒဏ်ရာ ရှိနေပြီး နည်းပြ လမ်းပတ် အနေနဲ့ ကစားသမား ရွေးချယ်ရာမှာ အခက်တွေ့ဖွယ် ရှိပါတယ်။ လမ်းပတ်ကတော့ ရှိတဲ့ ကစားသမားတွေနဲ့ ကောင်းစွာ ကစားသွားနိုင်မယ် ယုံကြည်ပါတယ်။

” ဂျော်ဂျင်ဟို ပွဲပယ်ခံရတာက ပြသနာတွေ ကြုံရဖို့ ရှိနေတာ အမှန်ပါ ဒါပေမယ့် ကျနေ်ာတို့ ရအောင် ဖြေရှင်းမှာ ဖြစ်တယ်။ ကျနေ်ာတို့မှာ အဲဒီလို လုပ်နိုင်ဖို့ ကစားသမားတွေလည်း ရှိတယ်။

ကိုဗာဆစ်ကလည်း ကွင်းလယ် အထိုင် ကစားနိုင်သလို ရော့စ် ဘာကလေ၊ မေဆန်မောင့်၊ ဘီလီ ဂေးလ်မား စသဖြင့်ပေါ့.. ဒါက တခြား ကစားသမားတွေအတွက် အခွင့်အရေးကောင်းတွေ ဖြစ်လာနိုင်တယ်။ ဒီအတွက် အဖြေလည်း ရှိပါတယ်။ ” လို့ လမ်းပတ်က ပြောကြားခဲ့ပါတယ်။

ဂျော်ဂျင်ဟိုဟာ စနေနေ့က ဘုန်းမောက်နဲ့ ပွဲမှာ ဒီရာသီ ၁၀ ကတ်မြောက် အဝါကတ် ပြသခံခဲ့ရတာကြောင့် နောက်ဆက်တွဲ ပွဲပယ်ပြစ်ဒဏ် ခံရမှာ ဖြစ်ပြီး ချယ်ဆီးရဲ့ လာမယ့် ပရီးမီးယားလိဂ် နှစ်ပွဲ ဖြစ်တဲ့ အဲဗာတန်၊ အက်စတွန်ဗီလာတို့နဲ့ ပွဲတွေကို လွဲချော်မှာ ဖြစ်ပါတယ်။ ဂျော်ဂျင်ဟိုက ချန်ပီယံလိဂ်မှာလည်း ဘိုင်ယန်နဲ့ ဒုတိယအကျော့ပွဲ အတွက် ပွဲပယ်ခံထားရတာ ရှိပါသေးတယ်။ ဒါကြောင့် အီတလီသားဟာ ချယ်ဆီးအသင်းအတွက် မတ် ၂၁ ရက်နေ့ မန်စီးတီးနဲ့ ပွဲ မတိုင်ခင် ပြန် ပါဝင်နိုင်ဦးမှာ မဟုတ်ပါဘူး။

Zawgyi – ချယ်ဆီးနည်းပြ ဖရန့်လမ်းပတ်က ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟို ပွဲပယ်ကြောင့် မပါဝင်နိုင်ချိန်မှာ အခြား ကစားသမားများ ၀င်ရောက် ကစားနိုင်မှာ ဖြစ်လို့ ကောင်းစွာ ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်နေပြီး အီတလီသား မပါနိုင်ချိန်မှာ လူငယ် ကစားသမား ဘီလီဂေးလ်မားလည်း အခွင့်အရေး ရနိုင်ေ်ကြာင်း ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။


” ဂျော်ဂျင်ဟို ပွဲပယ်ခံရတာက ပြသနာတွေ ကြုံရဖို့ ရှိနေတာ အမှန်ပါ ဒါပေမယ့် ကျနော်တို့ ရအောင် ဖြေရှင်းမှာ ဖြစ်တယ်။ ကျနော်တို့မှာ အဲဒီလို လုပ်နိုင်ဖို့ ကစားသမားတွေလည်း ရှိတယ်။

