ဆန်ချို၊ ဂျော်ဂျင်ဟို၊ ဘတ်ရှူဝါရီ၊ ကီပါတို့နဲ့ နောက်ဆုံးရ ချယ်ဆီး ညနေခင်းသတင်းများ

အက်ဖ်အေဖလား ပွဲ ဖြစ်ပေမယ့် လီဗာပူးနဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်မှာ ချယ်ဆီးအသင်းဟာ တောင့်တင်းတဲ့ လူစာရင်းကို ပွဲထုတ်မှာ ဖြစ်ကြောင်း နည်းပြ လမ်းပတ်က ဆိုထားပါတယ်။

နည်းပြ လမ်းပတ်ဟာ ဂိုးသမား ကီပါကို မကျေလည်မှု အငြှိုးထားမှုတွေ ရှိရင် အဆုံးသတ်ပစ်ဖို့ လိုပြီ ဖြစ်ကြောင်း ချယ်ဆီး ကွင်းလယ် ဟောင်းကြီး ခရစ်ဘန်လေက တိုက်တွန်းလိုက်ပါတယ်။ နည်းပြနဲ့ ကစားသမားကြား အဆင်မပြေမှုတွေက ချယ်ဆီးအသင်းရဲ့ အဆင့် ၄ အတွင်း ဝင်ဖို့ အားထုတ်မှုတွေ အတွက် ကောင်းလာစရာ မရှိဘူးလို့ ၎င်းက သတိပေးလိုက်ပါတယ်။

ပွဲ တစ်ပွဲ ကစားချိန်အတွင်း အာရုံစူးစိုက်မှု အပိုင်းမှာ ချယ်ဆီးအသင်းက ပြသနာ ရှိနေပြီး အသင်း ကြယ်ပွင့် ကစားသမားတွေနဲ့ ပိုပြီး ခိုင်မာတဲ့ စိတ်ဓာတ်ပိုင်း တိုးတက်အောင် လုပ်ဖို့ လိုကြောင်း နည်းပြ လမ်းပတ်က ပြောကြားခဲ့ပါတယ်။

ချယ်ဆီး ပစ်မှတ်ထားနေတဲ့ ဒေါ့မွန်တိုက်စစ်သမား ဆန်ချိုကို မန်ချက်စတာ ယူနိုက်တက် က လာမယ့်နွေမှာ ပရီးမီးယားလိဂ် စံချိန်တင် ပြောင်းရွှေ့ကြေး သုံးကာ ခေါ်ရန် ပြင်ဆင်နေပါတယ်။ ယူနိုက်တက်က ၂၀၁၆ မှာ ပေါ့ဘာကို ပေါင် ၈၉ သန်း သုံးကာ စံချိန်တင် ခေါ်ထားဖူးပါတယ်။

ချယ်ဆီးအသင်းဟာ လာမယ့်နွေမှာ တိုက်စစ်မှူး ဘတ်ရှူဝါရီကို ရောင်းချလိုတာကြောင့် ဈေးလျှော့ပေးရန် စီစဉ်နေပါတယ်။ ဘယ်လ်ဂျီယံသား အတွက် ချယ်ဆီးက ပေါင် သန်း ၂၀ ဝန်းကျင် ကမ်းလှမ်းမှုတွေ ရရင် လက်ခံစဉ်းစားတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

ပွဲပယ်ကြောင့် ချယ်ဆီး ကွင်းလယ်သမား ဂျော်ဂျင်ဟို ပါဝင် ကစားနိုင်ခြင်း မရှိသည့်တိုင် နည်းပြ လမ်းပတ်က ရှိတဲ့ လူစာရင်းနဲ့ ဖြေရှင်းနိုင်မယ် ယုံကြည်မှု ရှိနေပါတယ်။ အီတီလီသား ပွဲပယ်ကြောင့် ဆယ်ကျော်သက် ကွင်းလယ်လူငယ် ဘီလီ ဂေးလ်မား အခွင့်အရေး ရလာဖွယ် ရှိပါတယ်။

Zawgyi – အက္ဖ္ေအဖလား ပြဲ ျဖစ္ေပမယ့္ လီဗာပူးနဲ႕ ရင္ဆိုင္ရမယ့္ ပြဲစဥ္မွာ ခ်ယ္ဆီးအသင္းဟာ ေတာင့္တင္းတဲ့ လူစာရင္းကို ပြဲထုတ္မွာ ျဖစ္ေၾကာင္း နည္းျပ လမ္းပတ္က ဆိုထားပါတယ္။

နည္းျပ လမ္းပတ္ဟာ ဂိုးသမား ကီပါကို မေက်လည္မႈ အျငိွဳးထားမႈေတြ ရွိရင္ အဆံုးသတ္ပစ္ဖို႔ လိုျပီ ျဖစ္ေၾကာင္း ခ်ယ္ဆီး ကြင္းလယ္ ေဟာင္းၾကီး ခရစ္ဘန္ေလက တိုက္တြန္းလိုက္ပါတယ္။ နည္းျပနဲ႕ ကစားသမားၾကား အဆင္မေျပမႈေတြက ခ်ယ္ဆီးအသင္းရဲ႕ အဆင့္ ၄ အတြင္း ၀င္ဖို႔ အားထုတ္မႈေတြ အတြက္ ေကာင္းလာစရာ မရွိဘူးလို႔ ၄င္းက သတိေပးလိုက္ပါတယ္။

ပြဲ တစ္ပြဲ ကစားခ်ိန္အတြင္း အာရံုစူးစိုက္မႈ အပိုင္းမွာ ခ်ယ္ဆီးအသင္းက ျပသနာ ရွိေနျပီး အသင္း ၾကယ္ပြင့္ ကစားသမားေတြနဲ႕ ပိုျပီး ခိုင္မာတဲ့ စိတ္ဓာတ္ပိုင္း တိုးတက္ေအာင္ လုပ္ဖို႔ လိုေၾကာင္း နည္းျပ လမ္းပတ္က ေျပာၾကားခဲ့ပါတယ္။

ခ်ယ္ဆီး ပစ္မွတ္ထားေနတဲ့ ေဒါ့မြန္တိုက္စစ္သမား ဆန္ခ်ိဳကို မန္ခ်က္စတာ ယူနုိက္တက္ က လာမယ့္ေႏြမွာ ပရီးမီးယားလိဂ္ စံခ်ိန္တင္ ေျပာင္းေရႊ႕ေၾကး သံုးကာ ေခၚရန္ ျပင္ဆင္ေနပါတယ္။ ယူနုိက္တက္က ၂၀၁၆ မွာ ေပါ့ဘာကို ေပါင္ ၈၉ သန္း သံုးကာ စံခ်ိန္တင္ ေခၚထားဖူးပါတယ္။

ခ်ယ္ဆီးအသင္းဟာ လာမယ့္ေႏြမွာ တိုက္စစ္မွဴး ဘတ္ရွဴ၀ါရီကို ေရာင္းခ်လိုတာေၾကာင့္ ေစ်းေလွ်ာ့ေပးရန္ စီစဥ္ေနပါတယ္။ ဘယ္လ္ဂ်ီယံသား အတြက္ ခ်ယ္ဆီးက ေပါင္ သန္း ၂၀ ၀န္းက်င္ ကမ္းလွမ္းမႈေတြ ရရင္ လက္ခံစဥ္းစားေတာ့မွာ ျဖစ္တယ္လို႔ သိရပါတယ္။

ပြဲပယ္ေၾကာင့္ ခ်ယ္ဆီး ကြင္းလယ္သမား ေဂ်ာ္ဂ်င္ဟို ပါ၀င္ ကစားနုိင္ျခင္း မရွိသည့္တိုင္ နည္းျပ လမ္းပတ္က ရွိတဲ့ လူစာရင္းနဲ႕ ေျဖရွင္းနုိင္မယ္ ယံုၾကည္မႈ ရွိေနပါတယ္။ အီတီလီသား ပြဲပယ္ေၾကာင့္ ဆယ္ေက်ာ္သက္ ကြင္းလယ္လူငယ္ ဘီလီ ေဂးလ္မား အခြင့္အေရး ရလာဖြယ္ ရွိပါတယ္။