ချဲလ်ဆီး ကွင်းလယ်ကစားသမား ကိုင်စီဒိုကတော့ ပြောင်းရွှေ့ကြေးမြင့်မားမှု ဝန်ထုတ်ဟာ ၎င်းအပေါ် ဆက်လက် ပိနေဆဲ ဖြစ်တာကြောင့် ဖိအားများနေကြောင်း ဝန်ခံပြောဆိုသွားခဲ့ပါတယ်။
ချဲလ်ဆီးအသင်းဟာ နည်းပြ ပိုချက်တီနိုရဲ့ နေရာကို အစားထိုးဖို့ နည်းပြ ၂ ဦးကို စောင့်ကြည့်နေကြောင်း သတင်းရရှိပါတယ်။
ဒါပေမယ့် ပရိသတ်တွေ လိုလားနေတဲ့ နည်းပြဟောင်း မော်ရင်ညို ကိုတော့ ပြန်မခေါ်ဖို့ ချဲလ်ဆီး ဘုတ်အဖွဲ့က ဆုံးဖြတ်ထားပါတယ်။
ဘရိုက်တန် နည်းပြ ဒီဇာဘီ ကို ခေါ်ယူဖို့ ဆက်သွယ် မေးမြန်းထားတဲ့ ကလပ်တွေထဲ ချဲလ်ဆီးလည်း ပါဝင်နေပါတယ်။ ချဲလ်ဆီး အပြင် လီဗာပူး၊ မန်ယူနဲ့ ဘာစီလိုနာ တို့က ဒီဇာဘီကို အလိုရှိနေပါတယ်။
၂၀၂၃ ခုနှစ် အတွင်း လုပ်ခ အများဆံး ပေးချေခဲ့ရတဲ့ ထိပ်တန်း ၁ဝ သင်းထဲမှာ ချဲလ်ဆီးက အဆင့် ၇ နေရာကနေ ပါဝင်နေပါတယ်။ ချဲလ်ဆီး အသ်ငး ရဲ့ ၂၀၂၃ခုနှစ် အတွင်း ပေးချေခဲ့တဲ့ လုပ်ခလစာက ယူရို ၃၉၇သန်း ရှိခဲ့ပါတယ်။
ချဲလ်ဆီးအသင်းဟာ စတန်းဖို့ ဘရစ်ချ် ကွင်းကို ပြင်ဆင်တိုးချဲ့မှုတွေ ပြုလုပ်မယ် ဆိုရင် ၄နှစ်ကနေ ၇ နှစ်လောက် ကြာသွားနိုင်ကာ ထိုကာလအတွင်း အိမ်ကွင်းလက်မဲ့ ဖြစ်ဖွယ် ရှိနေပါတယ်။