ပရီးမီးယားလိဂ်ရဲ့ ဒဏ်ရာရ အများဆုံး အသင်းမှာ ဒုတိယ ချိတ်နေတဲ့ ချဲလ်ဆီးအသင်းနဲ့ Injury List

လက်ရှိ ပရီးမီးယားလိဂ် ပြိုင်ပွဲမှ အသင်းတွေ အနက် ဘယ်အသင်းက ဒဏ်ရာပြသနာ အများဆုံးကြုံတွေ့နေခဲ့ရသလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

ဒီနှစ် ဘောလုံး ရာသီမှာတော့ ပရီးမီးယားလိဂ် ထိပ်သီး ကလပ်တွေ ဖြစ်ကြတဲ့ လီဗာပူး၊ အာဆင်နယ် နဲ့ ချဲလ်ဆီး အသင်းတွေဟာ ဒဏ်ရာပြသနာတွေကို အမြဲလို ကြုံတွေ့နေခဲ့ရပြီး လက်ရှိ အချိန်မှာတော့ လီဗာပူး အသင်းက အဆိုးရွားဆုံး မှတ်တမ်းကို ပိုင်ဆိုင်နေခဲ့ပါတယ်။

လက်ရှိ လီဗာပူး အသင်းမှာ မိုဟာမက် ဆာလာ၊ အလီဆွန်၊ ထရန့် အလက်ဇန္ဒား အာနိုး အပါအဝင် ဒဏ်ရာရ ကစားသမား 10 ဦးအထိ ရှိနေခဲ့ကြပါတယ်။

လီဗာပူးရဲ့ နောက်မှာတော့ ချဲလ်ဆီး အသင်းက ချဲလ်ဆီးက 9 ဦး နဲ့ ဒဏ်ရာရ အများဆ့ုး ဒုတိယ နေရာမှာ ရှိနေခဲ့ပါတယ်။

ချဲလ်ဆီး အသင်းမှာ ရိစ်ဂျိမ်းစ်၊ သီယေဂို ဆေးလ်ဗား၊ ကူကူရယ်လာ၊ ချူဝူမီကာ၊ ဖိုဖာနာ၊ ဘတ်ဒီယာရှီး၊ အူဂိုချျူကူ၊ ဆန်းချက်ဇ်နဲ့ လာဗီယာ တို့ ဒဏ်ရာ စာရင်းမှာ ရှိနေပါတယ်။

နံပါတ် 3 နဲ့ 4 နေရာတွေမှာတော့ နယူးကာဆယ် နဲ့ ရှက်ဖီး ယူနိုက်တက် အသင်းတွေက 8 ဦး ဒဏ်ရာရ စာရင်းနဲ့ ရှိနေခဲ့ကြပြီး ဒဏ်ရာရ ကစားသမား 7 ဦး အထိ ပိုင်ဆိုင်နေခဲ့ကြတဲ့ ခရစ္စတယ် ပဲလေ့စ် အသင်းက နံပါတ် 5 နေရာမှာ ရှိနေခဲ့ရပါတယ် ။

အဲ့ဒီနောက်မှာတော့ ဒဏ်ရာရ ကစားသမား 6 ဦး အထိ ပိုင်ဆိုင်ထားတဲ့ အသင်း 6 သင်းအထိ ရှိနေခဲ့ကြပါတယ်။ အဆိုပါ အသင်းတွေကတော့ အာဆင်နယ်၊ မန်ချက်စတာ ယူနိုက်တက်၊ အက်စတွန် ဗီလာ၊ ဘရန့်ဖို့ဒ်၊ ဘုန်းမောက် နဲ့ လူတန်တောင်း တို့ပဲ ဖြစ်ကြပါတယ်။

ချဲလ်ဆီး မှာတော့ ရိစ် ဂျိမ်းစ် ၊ ဖိုဖားနား ၊ လာဗီယာ ၊ နယူးကာဆယ် မှာတော့ ဂျိုလင်တန် ၊ ဝီလ်ဆင် ၊ နစ်ပုပ် ၊ အာဆင်နယ် မှာတော့ ဂျူရီယံ တင်းဘား ၊ ပါတေး ၊ တိုမီယာစု ၊ ယူနိုက်တက် မှာတော့ မာရှယ် ၊ မောင့် ၊ မာတီနက်ဇ် ၊ ရှော တို့လို ကစားသမားတွေ ပါဝင်နေခဲ့ကြပါတယ်။

ဘရိုက်တန် ၊ ဘန်လေ ၊ နော်တင်ဟမ် ဖောရက်စ် နဲ့ တော့တင်ဟမ် ဟော့စပါး အသင်းတွေကတော့ ဒဏ်ရာရရှိနေခဲ့သူ 5 ဦးအထိ ပိုင်ဆိုင်ထားခဲ့ကြပြီး ဖူလ်ဟမ် နဲ့ အဲဗာတန် အသက်းတွေကတော့ ဒဏ်ရာရ ကစားသမား 4 ဦးအထိ ပိုင်ဆိုင်ထားခဲ့ကြပါတယ်။

အဲ့ဒီနောက်မှာတော့ မန်စီးတီးနဲ့ ဝက်စ်ဟမ်း အသင်းတွေက ဒဏ်ရာရ ကစားသမား 2 ဦး အထိသာ ပိုင်ဆိုင်ထားခဲ့ကြပြီး သူတို့ရဲ့ နောက်မှာတော့ ဒဏ်ရာရ ကစားသမား 1 ဦးထဲ ပိုင်ဆိုင်ထားတဲ့ တစ်ခုတည်းသော အသင်းအဖြစ် ဝုလ်ဗ် အသင်းက ရပ်တည်နေခဲ့ပါတယ်။