ချဲလ်ဆီးအသင်းဟာ မန်ချက်စတာ ယူနိုက်တက်ကို နောက်ကောက်ချပြီး ဘရိုက်တန်ရဲ့ လူသစ်ခေါ်ယူရေးအမှုဆောင် ဆမ်ဂျီဝဲလ်ကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။
အသက် ၃၄ နှစ်သားဟာ ချဲလ်ဆီးအသင်းထံပြောင်းရွှေ့ချင်ကြောင်း ဘရိုက်တန်အသင်းထံ အသိပေးခဲ့ပြီးနောက် အပြောင်းအရွှေ့ဖြစ်လာခဲ့တာဖြစ်ပါတယ်။ ဝီဂန်နည်းပြဟောင်း ပေါလ်ဂျီဝဲလ်ရဲ့သားဖြစ်သူ ဆမ်ဟာ ပြီးခဲ့တဲ့နှစ်တွေက ဘရိုက်တန်အသင်းအောင်မြင်ခဲ့ရာမှာ အဓိကနေရာကနေ ပါဝင်ခဲ့တာဖြစ်ပါတယ်။
ဆမ်ဟာ အသင်းရဲ့ကစားသမားသစ်ခေါ်ယူရေးအမှုဆောင်အဖြစ် တာဝန်ယူခဲ့တာဖြစ်ပြီး တောင်အမေရိကနဲ့ ကမ္ဘာတစ်လွှားက လူငယ်ခြေတက်တွေကိုခေါ်ယူခဲ့ပါတယ်။ အဲ့ထဲမှာ ကိုင်စီဒိုကို ပေါင် ၄.၅ သန်း ၊ အလစ္စတာနဲ့ ကူကူရယ်လာတို့လို ကစားသမားမျိုးတွေကိုပါ ခေါ်ယူခဲ့ပါတယ်။
အဆိုပါကစားသမားတွေထဲက ၂ ဦးဟာ ချဲလ်ဆီးကို ပြောင်းရွှေ့ခဲ့ပြီး ပေါင် ၁၇၅ သန်းအထိ ဘရိုက်တန်က အမြတ်ငွေရရှိခဲ့ပါတယ်။
ဒန်အက်ရှ်ဝါ့တ်က ဖော်ပြရာမှာ ဆမ်တစ်ယောက် ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့် ချဲလ်ဆီးက အနိုင်ရခဲ့တယ်လို့ ဆိုပါတယ်။
ဂျီဝဲလ်ဟာ နိုဝင်ဘာတုန်းက ချဲလ်ဆီးအသင်းမှာ စတင် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
“ဆမ်က အခုအသင်းကနေ ထွက်ခွာတော့မှာပါ။ သူအသင်းအတွက် ကာလရှည်စွမ်းဆောင်ပေးခဲ့တာတွေအတွက် ကျေးဇူးတင်ပါတယ်။ ချက်ချင်းအနေအထားကြောင့် နည်းစနစ်ဒါရိုက်တာ မိုက်ကေ့ဗ် နဲ့ ဟိုမက်စ်တို့က ဆမ်ရဲ့တာဝန်တွေကို ထမ်းဆောင်သွားမှာပါ”လို့ ဘရိုက်တန်အသင်းက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။