ချဲလ်ဆီး ပရိသတ်တွေ စောင့်ရခဲ့ရတာနဲ့ တန်အောင် ခြေစွမ်းပြပါ့မယ် လို့ ကတိစကား ပေးလာတဲ့ လာဗီယာ

ကွင်းလယ် ကစားသမား လာဗီယာ ဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဆောက်သမ်တန်ကနေ ချဲလ်ဆီးသို့ပေါင် ၅၃ သန်းနဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပေမယ့် ဒဏ်ရာပြဿနာနဲ့ရုန်းကန်နေရတာကြောင့် ဒီရာသီမှာ ချဲလ်ဆီးသာ တစ်ပွဲသာ ပါဝင် ကစားခွင့် ရထားတာဖြစ်ပါတယ်။

ကစားသမားဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလက ခရစ္စတယ်ပဲလေ့စ်နဲ့ကစားခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အခုချိန်အထိ အနားယူနေရဆဲဖြစ်ပါတယ်။

ယခုအခါမှာတော့ လာဗီယာက တွစ်တာမှတစ်ဆင့် “ပရိသတ်တွေဆီကနေ အားပေးစကားတွေအများကြီး လက်ခံရရှိခဲ့ပါတယ်။ ဒါတွေက ကျွန်တော့်အတွက် အများကြီး အဓိပ္ပာယ်ရှိပါတယ်”

“လက်ရှိအချိန်မှာတော့ အသင်းကိုမကူညီနိုင်ပေမယ့် အမြန်ဆုံးပြန်ကစားနိုင်ဖို့အတွက် အာရုံစိုက်ထားပါတယ်။ ကျွန်တော့်ကို စောင့်ခဲ့ရတဲ့ အချိန်နဲ့ ထိုက်တန်တဲ့ခြေစွမ်းမျိုးကို ပြသသွားမှာပါ” လို့ ရေးသား အသိပေး ခဲ့ပါတယ်။

နည်းပြ ပိုချက်တီနိုကတော့ လာဗီယာဟာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ လီဗာပူးနဲ့ကစားမယ့် ကာရာဘောင်ဖလားဗိုလ်လုပွဲအထိ ပါဝင်နိုင်ဖို့မရှိဘူးလို့ဆိုပါတယ်။

အာဂျင်တီးနားသားက “သူက အသင်းနဲ့တောင် အတူတူ မလေ့ကျင့်နိုင်သေးပါဘူး။ အခုမှ နလန်ထပဲရှိပါသေးတယ်။ လောလောဆယ်တော့ အသင်းရဲ့ပွဲစဉ်တွေမှာ မပါဝင်နိုင်သေးပါဘူး” လို့ပြောကြားခဲ့ပါတယ်။