မန်ယူ ပစ်မှတ် ဒီဂျောင် ကို စိတ်ကြိုက် နံပါတ်နဲ့ ပြောင်းရွှေ့ကြေးကြီး ပေးကာ ခေါ်ယူဖို့ ချဲလ်ဆီး ပြင်ဆင်

နောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းတွေအရ ချဲလ်ဆီးအသင်းဟာ ယူနိုက်တက်ပစ်မှတ် ဘာစီလိုနာစတား ဒီဂျောင်ကို ပေါင် ၈၅ သန်းနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

နယ်သာလန်သားဟာ ၂၀၂၂ တုန်းက ယူနိုက်တက်ကိုပြောင်းဖို့ နီးစပ်ခဲ့ပေမယ့် ကစားသမားကိုယ်တိုင်က ဘာစီလိုနာမှာ ဆက်နေဖု့ိ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အခုချိန်မှာ ကွင်းတွင်း ကွင်းပြင်ပြဿနာတွေကြောင့် အသက် ၂၆ နှစ်သားဟာ အသင်းပြောင်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဒီဂျောင် ကို ဆရာဟောင်း တန်ဟက်ကလည်း ခေါ်ယူချင်နေတာကြောင့် လာမယ့်နွေရာသီမှာ ယူနိုက်တက်ကိုပြောင်းဖို့ အလားအလာပိုများနေပါတယ်။

ဒါပေမယ့် စပေါ့တ်သတင်းဌာနရဲ့အဆိုအရ ချဲလ်ဆီးအသင်းဟာ ဒီဂျောင်အကြိုက်ကျောနံပတ်ဖြစ်တဲ့ ၆ ကိုပေးအပ်ပြီး ပေါင် ၈၅ သန်းနဲ့ ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဒီဂျောင် နဲ့ ဘာစီလိုနာတို့ကြားစာချုပ်သက်တမ်းက ၂ နှစ်သာကျန်တော့တာဖြစ်ပြီး ပီအက်စ်ဂျီကလည်း စိတ်ဝင်စားနေပါတယ်။

လက်ရှိမှာ ဒီဂျောင်ဟာ ဘာစီလိုနာအသင်းရဲ့ထိပ်တန်းလုပ်ခလစာအများဆုံးတွေထဲကတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတွေတုန်းက လုပ်ခလစာကို အရစ်ကျနဲ့ရရှိနေတာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဒီဂျောင်ကို ခေါ်ယူရေး အဆင်မပြေခဲ့တာကြောင့် ယူနိုက်တက်ဟာ ကက်စ်မဲရိုးကို ပေါင်သန်း ၆၀ နဲ့ ခေါ်ယူခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းက ဘရာဇီးသားဟာ ယူနိုက်တက်အသင်းရဲ့အရေးပါတဲ့ကစားသမားတစ်ဦးဖြစ်ခဲ့ပေမယ့် ဒီရာသီမှာတော့ ဒဏ်ရာပြဿနာတွေနဲ့သာ နပန်းလုံးခဲ့ရပါတယ်။ မေးလ်စပေါ့တ်သတင်းဌာနရဲ့အဆိုအရ ယူနိုက်တက်ဟာ သူအပါအဝင် ကစားသမားတော်တော်များများကို ရောင်းထုတ်ဖို့ ပြင်ဆင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။