ချဲလ်ဆီး အသင်းဟာ လာမယ့် တနင်္လာနေ့ညမှာ အဝေးကွင်းသို့ သွားပြီး ခရစ်စတယ် ပဲလေ့စ် အသင်းနဲ့ လန်ဒန်ဒါဘီ ပရီးမီးယားလိဂ်ပွဲ ဆင်နွှဲကစားဖို့ ရှိနေပါတယ်။
ပြီးခဲ့တဲ့ ဗီလာနဲ့ အက်ဖ်အေ ပွဲမှာ ချဲလ်ဆီးဘက်က ပြင်သစ်ကြယ်ပွင့် ခံစစ်မှူး ဘန်နွိုင်း ဘတ်ဒီယာရှီးလ် ဒဏ်ရာ အသေးစား တခု ရခဲ့သလို အဲဒီပွဲမတိုင်ခင် ဒဏ်ရာ ရထားတဲ့ လီဗိုင်း ကိုဝဲလ်ကလည်း ရာနှုန်းပြည့် ကြံ့ခိုင်မှု မပြည့်သေးပါဘူး။ ကာလရှည် ဒဏ်ရာက ပြန်ကောင်းလာတဲ့ ထရက်ဗာ ချာလိုဘာကတော့ ထရိန်နင် ပြန်ဆင်းနေပြီ ဖြစ်ပါတယ်။
ူဒီတော့ လက်ရှိမှာ ပဲလေ့စ်နဲ့ ပွဲအတွက် ဒေါင်ဒေါင်မြည် ပွဲထွက်ပေးနိုင်မယ့် ခံစစ်မှူးတွေဆိုလို သီယာဂို ဆေးလ်ဗားနဲ့ အိတ်ဆဲလ် ဒီဆာဆီတို့ပဲ ရှိနေပါတယ်။ ဒါ့အပြင် ဘယ်လ်ဂျီယမ် ကြယ်ပွင့် ကွင်းလယ်လူ ရိုမီယို လာဗီယာဟာလည်း လီဗာပူးနဲ့ ကာရာဘောင်ဖလား ဗိုလ်လုပွဲအထိ ပြန်ကောင်းလာဖို့ အလားအလာ မရှိနေပါဘူး။
မနေ့က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ချဲလ်ဆီး နည်းပြ မော်ရစ်စီယို ပိုချက်တီနိုက အသင်းသားတွေရဲ့ နောက်ဆုံးရ ဒဏ်ရာအခြေအနေတွေနဲ့ ပတ်သက်ပြီး အခုလို ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
” လာဗီယာ က အသင်းနဲ့ အတူ ထရိန်နင် မဆင်းနိုင်သေးပါဘူ။ ခုချိန်ထိ သူ ဒဏ်ရာက နာလန်ပြန်ထူနိုင်ဖို့ ကြိုးစားနေဆဲပါပဲ။ ခုချိန်ထိကို သူ ကွင်းထဲ မဆင်းနိုင်သေးပါဘူး။ ”
” ဘတ်ဒီယာရှီးလ်ကိုတော့ ကျွန်တော်တို့ နောက်ထပ် စစ်ဆေးမှု လုပ်ရဦးမှာပါ၊ စစ်ဆေးချက် အဖြေကိုလည်း တချက် စောင့်ရပါမယ်။ ပေါင်တွင်းကြောဒဏ်ရာပါ။ ”
” လီဗိုင်း ကိုဝဲလ် ပဲလေ့စ်နဲ့ ပွဲမှာ ကစားပေးနိုင်မလား ဆိုတာတော့ တနင်္ဂနွေနေ့ အထိ ကျွန်တော်တို့ စောင့်ကြည့်ရပါမယ်။ ချာလိုဘာကတော့ အတော်လေး အဆင်ပြေနေပါပြီ။ သူ အသင်းနဲ့ ထရိန်နင်တွေ ဆင်းနေပါပြီ။ ” လို့ ပြောကြားခဲ့ပါတယ်။
အခြားသော ဒဏ်ရာရ ကစားသမား ၅ဦးကတော့ လေ့ကျင့်ရေး အစီအစဉ် အနားမကပ်နိုင်သေးတာကို တွေ့ရပါတယ်။
ဒဏ်ရာနဲ့ ကြံ့ခိုင်မှု ပြဿနာတွေက ဒီရာသီ အတွင်း ပွဲတိုင်းလိုလို တသင်းစာနီးနီး ရှိနေတာကြောင့် ပုံမှန် ပွဲထွက် ၁၁ယောက် ရွေးချယ်နိုင်ဖို့ အခက်တွေ့ရကြောင်းလည်း နည်းပြ ပိုချက်တီနိုက ဖွင့်ဟခဲ့ပါတယ်။