ပြင်သစ်လီဂူးမှ အတောက်ပဆုံး ကစားသမားကို ခေါ်ယူဖို့ ဦးစားပေးအဖြစ် ရွေးချယ်လာတဲ့ ချယ်ဆီး

ချယ်ဆီးဟာ နွေအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ပစ်မှတ်ရွေးချယ်မှုမှာ လီဂူးဝမ်းကလပ် လိုင်ယွန်အသင်းမှ ကွင်းလယ်လူ ဟော့ဆန် အော်ရေးကို အဓိကအနေနဲ့ ချိန်ရွယ်လာတယ်လို့ သိရပါတယ်။

အသက် ၂၁ နှစ်အရွယ်ပဲ ရှိသေးတဲ့ အော်ရေးဟာ လိုင်ယွန်ရဲ့ အဓိက ကစားသမားအဖြစ် ခြေစွမ်းပြလာခဲ့တာ မနှစ်ကတည်းက ဖြစ်တယ်။ လက်ရွေးစင်အသင်းထံ မရောက်သေးပေမယ့် သူဟာ အမှတ်ပေးလိဂ်မှာကော ချန်ပီယံလိဂ်မှာပါ ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူဖြစ်တယ်။

ယူရို သန်း ၅၀ ဈေးပေါက်တဲ့ အော်ရေးဟာ လီဂူးဝမ်းရဲ့ တိုးတက်မှုအရှိဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး သူ့ကို ခေါ်ယူဖို့ မန်စီးတီးဘက်က ကာလရှည် စောင့်ကြည့်နေသလို မန်နေဂျာဟောင်း ဆာရီရဲ့ ဂျူဗင်တပ်ကလည်း စိတ်ဝင်စားနေသေးတာဖြစ်ပါတယ်။ ချယ်ဆီးကွင်းလယ်မှာ ရေရှည်အတွက် ရည်ရွယ်တဲ့ ခေါ်ယူမှုအဖြစ် အသင်းဘက်က စောင့်ကြည့်လာခဲ့တာပါ။

မနှစ်ကတည်းက တောက်ပနေတဲ့ အော်ရေးဟာ ဒီရာသီမှာ လိုင်ယွန်အတွက် ပြိုင်ပွဲစုံ ၃၄ ပွဲ ကစားပြီး သွင်းဂိုး ၉ ဂိုး သွင်းယူထားကာ ဂိုးထောက်ပံ့မှု ၁၀ ကြိမ်ထိ ပြုလုပ်ထားနိုင်သူဖြစ်တယ်။ ချယ်ဆီးမှာ ဂျော်ဂျင်ဟိုရဲ့ အနာဂတ် မသေချာသလို ကန်တီရဲ့ ကြံ့ခိုင်မှုကလည်း မတည်ငြိမ်ဖြစ်နေလို့ ကွင်းလယ်ပိုင်းကလည်း စောင့်ကြည့်စရာ နေရာ ဖြစ်လာနေခဲ့တာပါ။

ချယ်ဆီးမှာ လော့တပ်ချိစ်၊ မောင့်၊ ဘာကလေတို့လို ကစားသမားတွေ ရှိပေမယ့် မန်နေဂျာလမ်းပတ် အလိုရှိတဲ့ ပေးမှုတွေ လျှင်မြန်ပြီး ရွေးလျားမှုကောင်းတဲ့ ကွင်းလယ်ကစားဟန်အတွက် အော်ရေးဟာ ကိုက်ညီနိုင်တယ်ဆိုတဲ့ ထောက်ခံမှုတွေလည်း ရရှိနေပါတယ်။

ZAWGYI

ခ်ယ္ဆီးဟာ ေႏြအေျပာင္းအေရႊ႔မွာ ေခၚယူဖို႔ ပစ္မွတ္ေရြးခ်ယ္မႈမွာ လီဂူးဝမ္းကလပ္ လုိင္ယြန္အသင္းမွ ကြင္းလယ္လူ ေဟာ့ဆန္ ေအာ္ေရးကို အဓိကအေနနဲ႔ ခ်ိန္ရြယ္လာတယ္လို႔ သိရပါတယ္။

အသက္ ၂၁ ႏွစ္အရြယ္ပဲ ရွိေသးတဲ့ ေအာ္ေရးဟာ လိုင္ယြန္ရဲ႕ အဓိက ကစားသမားအျဖစ္ ေျခစြမ္းျပလာခဲ့တာ မႏွစ္ကတည္းက ျဖစ္တယ္။ လက္ေရြးစင္အသင္းထံ မေရာက္ေသးေပမယ့္ သူဟာ အမွတ္ေပးလိဂ္မွာေကာ ခ်န္ပီယံလိဂ္မွာပါ ေျခစြမ္းေကာင္းေတြ ျပသထားႏုိင္သူျဖစ္တယ္။

ယူရို သန္း ၅၀ ေစ်းေပါက္တဲ့ ေအာ္ေရးဟာ လီဂူးဝမ္းရဲ႕ တိုးတက္မႈအရွိဆံုး ကစားသမားေတြထဲက တစ္ဦးျဖစ္ျပီး သူ႔ကို ေခၚယူဖို႔ မန္စီးတီးဘက္က ကာလရွည္ ေစာင့္ၾကည့္ေနသလို မန္ေနဂ်ာေဟာင္း ဆာရီရဲ႕ ဂ်ဴဗင္တပ္ကလည္း စိတ္ဝင္စားေနေသးတာျဖစ္ပါတယ္။ ခ်ယ္ဆီးကြင္းလယ္မွာ ေရရွည္အတြက္ ရည္ရြယ္တဲ့ ေခၚယူမႈအျဖစ္ အသင္းဘက္က ေစာင့္ၾကည့္လာခဲ့တာပါ။

မႏွစ္ကတည္းက ေတာက္ပေနတဲ့ ေအာ္ေရးဟာ ဒီရာသီမွာ လိုင္ယြန္အတြက္ ျပိဳင္ပြဲစံု ၃၄ ပြဲ ကစားျပီး သြင္းဂိုး ၉ ဂိုး သြင္းယူထားကာ ဂိုးေထာက္ပံ့မႈ ၁၀ ၾကိမ္ထိ ျပဳလုပ္ထားႏုိင္သူျဖစ္တယ္။ ခ်ယ္ဆီးမွာ ေဂ်ာ္ဂ်င္ဟိုရဲ႕ အနာဂတ္ မေသခ်ာသလို ကန္တီရဲ႕ ၾကံ႕ခိုင္မႈကလည္း မတည္ျငိမ္ျဖစ္ေနလို႔ ကြင္းလယ္ပိုင္းကလည္း ေစာင့္ၾကည့္စရာ ေနရာ ျဖစ္လာေနခဲ့တာပါ။

ခ်ယ္ဆီးမွာ ေလာ့တပ္ခ်ိစ္၊ ေမာင့္၊ ဘာကေလတို႔လို ကစားသမားေတြ ရွိေပမယ့္ မန္ေနဂ်ာလမ္းပတ္ အလုိရွိတဲ့ ေပးမႈေတြ လွ်င္ျမန္ျပီး ေရြးလ်ားမႈေကာင္းတဲ့ ကြင္းလယ္ကစားဟန္အတြက္ ေအာ္ေရးဟာ ကိုက္ညီႏုိင္တယ္ဆိုတဲ့ ေထာက္ခံမႈေတြလည္း ရရွိေနပါတယ္။